ဧပြီလ ၁၆ ရက်နေ့ တိုက်ပွဲသတင်းများ

ဧပြီလ ၁၆ ရက် ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်

တနိုင်းမြို့နယ် ပွိင့်-၄၇၅ စခန်းသို့ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က Drone ၂ စီးဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ရှမ်းပြည်(တောင်ပိုင်း)

ဆီဆိုင်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၆၀ ဦးခန့်က ၁ ကြိမ်၊ ၇၀ ဦးခန့်က ၁ ကြိမ် Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့ နယ်မြေခံတပ်ရင်းများသို့ KNPP/KNDF နှင့် အကြမ်းဖက်ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က Drone ၅ စီးဖြင့် ၁ ကြိမ်၊ Drone ၄ စီးဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

KNPP/PDF အဖွဲ့များသည် ဖားဆောင်းမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်များအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်နိုင်ခြင်း မပြုလုပ်နိုင်ဘဲ အဝေးမှ Drone များလွှတ်တင်ပြီး Drop Bomb ချတိုက်ခိုက်ခြင်းကိုသာ ပြုလုပ်လျက်ရှိပါသည်။

အဆိုပါ Drop Bomb ချတိုက်ခိုက်မှုများတွင် မိမိဘက်မှ ထိခိုက်ဆုံးရှုံးမှုများ မရှိဘဲ ရန်သူ Drone လွှတ်တင်သည့် နေရာများသို့ counter drone များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။

ကရင်ပြည်နယ်

ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် တတန်ကူးတံတား၏ မြောက်ဘက်သို့အရောက် နေရာ ၃ နေရာမှ ရန်သူအင်အား ၂၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

အကြမ်းဖက် ၃ လောင်း၊ အမ်(၂၂) ၁ လက်၊ အေကေ(၄၇) ၁ လက်၊ ပွိုင့်(၂၂) ၁ လက် သိမ်းဆည်းရမိခဲ့။
မိမိစစ်သည် ၃ ဦး ဒဏ်ရာရ။

ကျုံဒိုးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် မြပဒိုင်ရွာအရှေ့တောင်ဘက်သို့အရောက် KKO(ခွဲထွက်)နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၂၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

အကြမ်းဖက် ၁ လောင်း၊ အမ်(၁၆) ၁ လက်၊ ကျည် ၅ တောင့်၊ ၄၀ မမ ၆ လုံး၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့။

တနင်္သာရီတိုင်း

ပလောက်တံတားသို့ အကြမ်းဖက် ၁၅ ဦးခန့်ကလည်းကောင်း၊ ပလောက်ပြည်သူ့ဆေးရုံသို့ အကြမ်းဖက်အင်အား(စိစစ်ဆဲ)အဖွဲ့က Drone များဖြင့် Drop Bomb ဖြုတ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

ပြည်သူ့ဆေးရုံ၊ ကလေးကုသဆောင်ပေါ်သို့ ရန်သူ့ Drop Bomb ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား လူနာစောင့် ကျား ၃ ဦး၊ မ ၂ ဦး၊ ကလေး ၁ ဦး(မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့။ ကလေးကုသဆောင်ဆေးရုံ အမိုးသွပ် ၄ ချပ်၊ မျက်နှာကြက် ၁၃ ချပ်၊ လူနာကုတင် ၂ လုံး၊ ပြတင်းတံခါးမှန် ၃ ချပ်၊ ပန်ကာ ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရ။