AA ပစ်ခတ်လိုက်သော ကျည်များ ခေါင်းလောင်းချောင်းရွာအတွင်းနှင့် စက်ကရေးရွာအတွင်း ကျရောက်ပေါက်ကွဲ

စက်တင်ဘာလ ၂၆ ရက်
နံနက် ၁၁ နာရီခန့်တွင်
မင်းပြား ခေါင်းလောင်းချောင်းရွာအနီး
သင်္ဂနက်မြစ်အတွင်း သွားနေတဲ့ NAVY
သင်္ဘောကို ကမ်းတစ်ဖက် နှစ်နေရာမှ
AA အဖွဲ့မှ လက်နက်ကြီးများ/လက်နက်
ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ သင်္ဘော
အထိအခိုက်မရှိဘဲ AA ပစ်ခတ်လိုက်သော
ကျည်များ ခေါင်းလောင်းချောင်းရွာအတွင်းနှင့်
စက်ကရေးရွာအတွင်း ကျရောက်ပေါက်ကွဲ
နေဟု သိရှိရပါတယ်…