နိုဝင်ဘာ ၂၄ ရက်နေ့ တိုက်ပွဲသတင်းများ

၁။ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အားကာ/သိပ္ပံဝန်းကို နေ့လည် ၁ နာရီခန့်က KNPP/KNDF အင်အား ၃၀ ခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး တပ်က ပြန်ပစ်လို့ ပြန်လည်ဆုတ်ခွာသွားခဲ့၊ အလားတူ မွန်းလွဲ ၃ နာရီခန့်က လွိုင်ကော်လေယာဉ်ကွင်းအနောက်ဘက်တွင် KNPP/KNDF အင်အား ၃၀ ဦးခန့်နှင့် လုံခြုံရေး တပ်ဖွဲ့များ အပြန်အလှန်ထိတွေမှုဖြစ်ခဲ့ပြီး ည ၈ နာရီတွင်လည်း ရဲတပ်ဖွဲ့မှူးရုံးသို့ KNPP/KNDF အင်အား ၃၀ ဦးတို့က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရ။

၂။ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်အား ည ၈ နာရီခန့်တွင် KNPP/KNDF အင်အား ၁၅၀ ခန့် လာရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်မှုကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၃။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ထရွန်အိုင်စခန်းသို့ မနက် ၉ နာရီခန့်တွင် AA အဖွဲ့မှ အင်အား ၅၀၀ ခန့်သည် နေရာ ၄ နေရာမှ Drop Bomb၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ တပ်ဘက်မှ လေကြောင်းပစ်ကူယူ ပြန်လည်တိုက်ခိုက်ခဲ့ကာ AA အဖွဲ့များ ထိခိုက်မှုများစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၄။ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ နှုံးဘူးစခန်းသို့ နေ့လည် ၁၁ နာရီခန့်တွင် AA အဖွဲ့မှ အင်အား ၅၀၀ ဦးခန့်သည် နေရာ ၄ နေရာမှ Drop Bomb၊ လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ တပ်ဘက်မှ လေကြောင်းပစ်ကူယူ ပြန်လည်တိုက်ခိုက်ခဲ့ကာ AA အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၅။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့၊ တံတားထိပ်နေရာရှိ တပ်စခန်းအား မနက် ၆ နာရီကျော်ခန့်တွင် AA အဖွဲ့မှ အင်အား ၂၀ ခန့် လာရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ပစ်ခတ်ခဲ့သဖြင့် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ပြီး ဖြစ်စဉ်တွင် AA အလောင်း ၁ လောင်း၊ RPG ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၆။ ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ တံတားထိပ်နေရာ၊ ရဲစခန်းလမ်းဆုံနေရာနှင့် မြို့မရဲစခန်းတို့အား နေ့လည် ၂ နာရီခန့်တွင် AA အဖွဲ့မှ အင်အား ၂၀၀ ဦးခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၇။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗောဓိတစ်ထောင်အနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အင်အား ၁၀၀ ကျော်ခန့်က မနက် ၄ နာရီခန့်တွင် လာရောက်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ပြီး PDF များ ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ PDF ၂ လောင်း၊ RPG ၁ လက်၊ M22 ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၈။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ အောင်သာယာရွာအား PDF အင်အား ၁၅၀ ဦးခန့်က မနက် ၅ နာရီခန့်တွင် လာရောက်တိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြည်သူ့စစ်အဖွဲ့များမှ ပြန်လည်ပစ်ခတ်သဖြင့် PDF များပြန်လည်ဆုတ်ခွာသွားခဲ့ပြီး နေအိမ် ၁ လုံးအား မီးရှို့သွားခဲ့ပြီး ( ပြည်သူ့စစ် ၂ ဦး ဒဏ်ရာရရှိ၊ ပြည်သူ ၂ ဦး သေဆုံး ) ခဲ့ကြောင်းသိရှိရ။

၉။စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ရှိ ထွေ/အုပ်ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့မရဲစခန်းနှင့် ဘူတာရုံ စသည့် နေရာ ၄ နေရာအား ည ၈ နာရီချိန်ခန့်တွင် PDF အင်အား ၂၅၀ ဦးတို့က လက်လုပ်ရှော့တိုက်ဒုံး၊ လက်လုပ်စိန်ပြောင်း တို့ဖြင့် လာရောက်တိုက်ခိုက်ခဲ့၍ ပြန်လည်ပစ်ခတ်တိုက်ခဲ့ကြောင်း သိရှိရ။

၁၀။ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထီးထတပ်စခန်းအား မနက် ၆ နာရီခန့်က KNLA တမဟ (၅)/ PDF အင်အား ၂၀၀ ဦးခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရန်သူသည် ဆုတ်ခွာသွားခဲ့ပြီး ( KNLA/PDF ၁၁ လောင်း၊ ပစ္စတို ၁ လက်၊ M-16 ၁ လက်၊ AK 2 လက်၊ M-79 ၁ လက်၊ စက်လတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရှိရ။