ကြို့ပင်ကောက်မြို့နယ်မှာ အမျိုးသားတစ်ဦး ရထားတိုက်ခံရလို့ သေဆုံး

ပဲခူးတိုင်ဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုကျေးရွာအနီးမှာ အမျိုးသားတစ်ဦး ရထားတိုက်ခံရလို့ သေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် မနက် ၁ နာရီ ၁၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ ကြို့ပင်ကောက် နာရေးကူညီမှုအသင်းမှ သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ ဇီးကုန်အပိုင် ကရင် ကုန်းကျေးရွာမှာနေထိုင်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပြီး ရထားလာနေချိန်မှာ ဆိုင်ကယ်နဲ့ ရထားလမ်းကိုဖြတ်ကူးရာကနေ တိုက်မိသွားခဲ့တာဖြစ်ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။

❝သူက ရထားလာနေတာကို မသိတာလား။ လွတ်မယ်ထင်ပြီး ကူးတာလားတော့ မပြောတတ်ဘူးဗျ။ ဆိုင်ကယ်နဲ့ ဖြတ်ကူးတဲ့အချိန်မှာ ရထားနဲ့တိုက်မိပြီး ဆိုင်ကယ်ရော လူရော လွင့်ထွက်သွားတာ။ နေရာမှာတင်ပဲ သေဆုံးသွပါတယ်။❞ လို့ နာရေးကူညီမှုအသင်းသားတစ်ဦးက ပြောပါတယ်။

သေဆုံးသူ အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ ကြို့ပင်ကောက် နာရေးကူညီမှုအသင်းကပဲ ကြို့ပင်ကောက်ဆေးရုံ ရင်ခွဲရုံသို့ ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။