The Great Lethwei (5) ပြိုင်ပွဲမှာ သွေးသစ်ဝင်းလှိုင်နဲ့ ယျှူးခလိန်းမင်းကို ပွဲတည်ထား

ရိုးရာလက်ဝှေ့ပရိသတ်တွေအကြိုက်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ The Great Lethwei ပြိုင်ပွဲရဲ့ TGL(5) မှာ လက်ရှိ မြန်မာပြည်ချန်ပီယံသွေးသစ်ဝင်းလှိုင်နဲ့ ပထမတန်းလက်ဝှေ့ကျော် ယျှူးခလိန်းမင်းတို့ကို ခေါင်ပွဲအဖြစ်တည်ထားပါတယ်။

သွေးသစ်ဝင်းလှိုင်က TGL(4) ပြိုင်ပွဲမှာ ထွန်းထွန်းမင်းကို အမှတ်နဲ့အနိုင်ယူပြီး မြန်မာပြည်လက်ဝှေ့ချန်ပီယံဖြစ်ထားသလို ယျှူးခလိန်းမင်းကလည်း မွေထိုင်းချန်ပီယံတွေကို အမှောက်သိပ်ထားတဲ့ လက်ဝှေ့ကျော်တစ်ဦးဖြစ်ပါတယ်။

TGL(5) ပြိုင်ပွဲကိုတော့ နိုဝင်ဘာ၂၆ရက်နေ့မှာကျင်းပမှာဖြစ်ပြီး CANAL+ ရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပြသမယ်လို့သိရပါတယ်။