လေ့ကျင့်ခန်းလုပ်နေသူတွေအတွက် လိုအပ်တဲ့ အာဟာရ

ခန္ဓာကိုယ်လှပဖို့အတွက်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် လေ့ကျင့်ခန်းတွေလုပ်ကြတဲ့အခါမှာ ခွန်အားပြန်လည်ဖြည့်တင်းဖို့အတွက် အာဟာရဓာတ်တွေလိုအပ်ပါတယ်။ အာဟာရဓာတ်ပြန်လည်ဖြည့်တင်းနိုင်မှသာ လိုချင်တဲ့ပန်းတိုင်ကို နည်းစနစ်ကျကျလျှောက်လှမ်းနိုင်မှာပါ။

ပန်းသီး၊ ငှက်ပျောသီး

လေ့ကျင့်ခန်းပြင်းပြန်းထန်ထန်လုပ်တော့မယ်ဆိုရင် မလုပ်ခင် ၅မိနစ်၊၁၀မိနစ်လောက်မှာ ပန်းသီး(သို့) ငှက်ပျောသီးစားထားဖို့လိုပါတယ်။ ကာဗိုဟိုက်ဒရိတ်ကိုချေဖျက်နိုင်ပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်လို့ပါ။

ကြက်ကင်

လေ့ကျင့်ခန်းလုပ်နေသူတွေက သာမန်သူတွေထက် ပရိုတိန်းဓာတ်ပိုလိုအပ်ပါတယ်။ ဒါကြောင့် ထမင်းစားချိန်မှာ အသားတစ်မျိုးမျိုးတွဲစားရပါမယ်။ နေ့လည်စာ(သို့) ညစာ အနပ်တိုင်းမှာ ကြက်ကင်ကို တွဲဖက်စားသုံးတာက အကောင်းဆုံး အာဟာရဓာတ်ကို ပေးစွမ်းနိုင်မှာပါ။

ဟင်းသီးဟင်းရွက်

ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အခါ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီအရေအတွက်ကလည်း ပုံမှန်ဖြစ်လာပါလိမ့်မယ်။ ဒီအတွက် ဟင်းသီးဟင်းရွက်စားပေးတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြန်လည်ထိန်းညှိပေးနိုင်မှာပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ကြွက်သားတွေ ပိုအားပြည့်စေဖို့အတွက် ပရိုတိန်းနဲ့ပေါင်းစပ်နိုင်ဖို့ ဟင်းသီးဟင်းရွက်က စားသင့်တဲ့အရာပါ။