မင်္ဂလာရှိသော မနက်ခင်းလေးပါ

ကံချင်းမတူတဲ့ဘဝမှာ
မနာလိုစရာလည်းမလိုပါဘူး ။

မနာလိုတဲ့သူရှိခဲ့ရင်လည်း
အသိဉာဏ်အားနည်းလို့ပဲဆိုပြီး
နားလည်ထား ပေးလိုက်ပါ ။

အများကံတွေနဲ့ပြိုင်မယ့်အစား
ကိုယ့်ကံကိုပဲကောင်းအောင်
ပြုလုပ်ဆောင်ရွက်သင့်တယ် ။

လက်ရှိဖြတ်သန်းတာချင်းဟာ
တူနေကြပေမယ့်လည်း

အတိတ်ကံကမတူနိုင်တော့
ဘယ်ယှဉ်လို့ ရပါ့မလဲ ။

အခုဆင်းရဲမပြည့်စုံတာဟာ
အရင်းအတိတ်ဘဝတွေက
ကုသိုလ်နည်းခဲ့လို့ဆိုတာ
သေချာပါတယ် ။

ဒါကိုပဲ သင်္ခန်စားယူပြီးတော့
နောင်ကောင်းဖိုရေးအတွက်
ကုသိုလ်သာ များများပြုကြပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏