ဒု- သ- န- သော

ကဿပဘုရားရှင် လက်ထက်က
သူဌေးသားလေးယောက်ဟာ
ကုသိုလ်ရေးအလုပ်ကိုစိတ်မဝင်စားပဲ
သူတစ်ပါးမယားတွေကို နည်းလမ်း
အမျိုးမျိုးသုံးကာ မတရားသိမ်းပိုက်ခြင်း
ဖျက်ဆီးခြင်းတို့နဲ့ အချိန်ကုန်ခဲ့တယ်။
အဲဒီ့အကုသိုလ်ကံကြောင့်
သူဌေးသားတွေ သေလွန်တော့
လောဟကုမ္ဘီငရဲကိုကျခဲ့ရတယ်။
သံရည်ပူအိုးထဲမှာ အမြဲတမ်းအကျိုခံနေရတဲ့
ငရဲပေါ့။
အနှစ် သုံးသောင်းကြာမှ အိုးနှုတ်ခမ်းဝကို
တခါသာ ခေါင်းပြူခွင့် ရသတဲ့။
အဲဒီလို ခေါင်းပြူခွင့်လေးရချိန်မှာ
သူတို့မှားခဲ့တဲ့ နောင်တတရားတွေကို
လူ့ပြည်​မှာရှိတဲ့ လူသားတွေကို
သူတို့လိုမဖြစ်ရအောင် သတိပေး
စကားပြောချင်ကြတယ်။
ဒါပေမဲ့ အိုးပေါ်မှာ ခေါင်းဖော်ခွင့်ရတဲ့
အချိန်လေးဟာ အင်မတန်တိုတောင်းလွန်း
တာကြောင့် အပြည့်အစုံမပြောနိုင်ပဲ
တစ်ယောက်ကို စကားတလုံး ပဲ
ပြောခဲ့နိုင်ပြီး သံရည်ပူအိုးထဲ
တခါပြန်ပြီး နစ်မြုပ်သွားရပြန်တယ်။
သူတို့လေးယောက် ပြောခဲ့တဲ့
စကားလေးခွန်းကဒုသနသောတဲ့
အဲဒီ့စကားလေးလုံးကို ဗုဒ္ဓက
ရွေဉာဏ်တော်နဲ့ အကျယ်ချဲ့ပြီး
သူ့ယောကျာ်းကိုသတ် သူ့မိန်းမကို မတရားမောင်ပိုင်စီး သိမ်းပိုက်ဖို့စိတ်ကူးနေတဲ့
ဘုရင်ကောသလကို ဟောခဲ့တာ။
ဒု ဆိုတာက
ငါတို့ဟာ သူတစ်ပါးသားမယားကို
ပြစ်မှားခြင်းနဲ့လူ့ဘဝကို အသုံးချခဲ့တယ်
စည်းဇိမ်တွေရှိပေမဲ့–
သံသရာအတွက် အားကိုးရာဖြစ်တဲ့ ဒါန သီလ
ဘာဝနာ အလုပ်တွေကို မလုပ်နိုင်ခဲ့ဘူးတဲ့။

သ ဆိုတာက
ဒီသံရည်ပူထဲမှာ အကျိုခံနေရတာ
အနှစ်ခြောက်သောင်းရှိပါပြီ။
ဘယ်တော့မှ ဒီငရဲက လွတ်တော့မှာလဲတဲ့။
န ဆိုတာက
ဒီငရဲက လွတ်ဖို့အချိန်အပိုင်းအခြား
မရှိတော့ပြီလား
ငါသည် သင်တို့လို လူ့ဘဝက သူတစ်ပါးသားမယားကို ပြစ်မှားစော်ကားခဲ့တယ်။
သော ဆိုတာက
ငါဟာ ဒီငရဲက လွတ်ပြီး လူ့ဘဝကို
တဖန်ပြန်ရခဲ့ပါက သူတော်ကောင်းတို့
စကားနားထောင်ပြီး ဒါန သီလ ဘာဝနာ
အလုပ်တွေကိုလုပ်ပါတော့မည် လို့
အသိ​ပေးတဲ့ နောင်တစကားတွေပါ။
ယခုလိုခေတ်ကာလမှာ
သူတစ်ပါး သားမယားကို
ပြစ်မှားဖို့ ကျူးလွန်ဖို့ သီလဖောက်ပျက်ဖို့
ဝန်မလေးကျတော့ဘူး။
ငွေကြေးပြည့်စုံတဲ့သူတွေကလည်း
ငွေနဲ့ပေါက်ပြီး ကာမရယူဖို့
ကြံစည်နေတယ်။
အချောင်သမားတွေကလည်း
မတရားတဲ့ နည်းလမ်းအမျိုးမျိုးနဲ့ဂွင်ဖန်ပြီး
ရယူဖို့ စိတ်ကူးနေကျတယ်။
ခုနောက်ပိုင်မှာ ခပ်စိတ်စိတ်တွေ့လာရတာက
သက်ငယ်မုဒိန်း သတင်းတွေပါပဲ။
အမျိုးသမီးလေးတွေရဲ့ဘဝ
လုံခြုံမှုမရှိတော့ပါဘူး။
ပြီတော့ အမျိုးသမီးတွေရဲ့ ဝတ်စားဆင်ယင်မှုကလည်း
ဒီလိုအဖြစ်တွေဖြစ်ဖို့ ဖိတ်ခေါ်နေတယ်လို့ထင်မိတယ်။
သူတပါးသားမယားကို ပြစ်မှားမှ
သုသနသောကံ ထိုက်တာမဟုတ်သေးပါဘူး။
သူများလင်မယားအချင်းချင်း
ချစ်သူရည်းစားအချင်းချင်း မကွဲကွဲအောင်
ကုန်းတိုက်စကားပြောတာ။

သူများရည်းစားကို ကိုယ့်ရည်းစားဖြစ်အောင်
လုပ်ကြံဖန်တီးယူတာလည်း ဒုသနသော
ကံထိုက်တာပါပဲ။
ယခုလိုအိုင်တီ​ခေတ်မှာ ပိုဆိုးတယ်
အွန်လိုင်းပေါ်မှာ လူအိုက သူ့ကိုယ်သူ လူပျိုတဲ့။
အအိုကလည်း အပျိုဆိုပြီး သူ့လည်း
ကိုယ်မမြင်ရ ကိုယ့်လည်းသူမမြင်ရနဲ့
အချိန်ကုန် ငွေကုန်ခံပြီး
ဇာတ်လမ်းဆင်ဖောက်ပြန်နေ ကျတယ်။
ပြီးတော့ အိမ်ကမိန်းမတွေ
အိမ်ကယောကျ်ားတွေ သိပြီး
ဖြစ်လိုက်ကျတဲ့ ရန်ပွဲတွေ မကြားချင်တဲ့
အဆုံးပါပဲ။အမျိုးသမီးလူငယ်တွေဟာ
အမျိုးသားမှာ မယားကြီးရှိ​နေတာ
သိပါရက်နဲ့ မယားငယ်လုပ်ဖို့
ဝန်မလေးကြတော့ဘူး။
ထေရဝါဒထွန်းကားရာ
ဗုဒ္ဓဘာသာတိုင်းပြည်မှာ ဒီလိုအဖြစ်အပျက်
တွေဟာ ဘာသာကိုများစွာ အရုပ်ဆိုး
အကျဥ်းတန်စေပါတယ်။
လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က
ကုသိုလ်ရဖို့ နဲ့ နိဗ္ဗာန်ရဖို့ပါ။
အိပ်မယ် စားမယ် ကာမဂုဏ်မှီဝဲမယ်
ဆိုရင်တော့ကျွန်တော်တို့ရဲ့ဘဝဟာ
တိရိစ္ဆာန်ဘဝနဲ့ ဘာထူးတော့မှာလဲ
ကံကောင်းလို့ လူ့ဘဝတော့ ရလာပါရဲ့
ကုသိုလ်မေ့ပြီး အချိန်ကုန် ငွေကုန်ခံပြီး
သူများ သားမယားတွေကို ပြစ်မှားဖို့
ဖျက်ဆီးဖို့​ကြံစည်နေတယ်ဆိုရင်တော့
ဒု သ န သောလို့ပြောခဲ့တဲ့ သူဌေးသား
လေးယောက်ကျခဲ့တဲ့ လောဟကုမ္ဘီ
သံရည်ပူငရဲက စောင့်ကြိုနေပါလိမ့်မယ်။
——-အသိသတိရှိကြပါစေ—–