NCA စာချုပ်ချုပ်ဆိုခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားမည့် vedio message မိန့်ခွန်းအား ထုတ်လွှင့်ပြသမည်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ (ယနေ့တွင်)ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှူ ရပ်စဲရေး သဘောတူစာချုပ် (NCA)  ချုပ်ဆိုခြင်း (၇) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ  နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Vedio Message ဖြင့်ပြောကြားမည့် မိန့်ခွန်း အပြည့်အစုံအား MRTV၊ MWD ၊ MWD WEBSITE များနှင့် ရေဒီယိုအသံလွင့်ဌာနများမှ နံနက် ၉ နာရီ၌ တစ်ပြိုင်တည်း ထုတ်လွင့်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။