အချင်းချင်းမညီညွတ်တော့တဲ့ ရေစကြို ပကဖနဲ့ Local PDF

NUG ၊ PDF အဖွဲ့များ၏ အကြမ်းဖက်လက်နက်ကိုင်လမ်းစဉ်ကို လုံးဝမကြိုက်တဲ့ ပြည်သူလူထုက စစ်တပ်ကို သတင်းပေးလို့ ယခုရက်ပိုင်းအတွင်း ရေစကြိုမြို့နယ်ထဲက ကျေးရွာတွေမှာ PDF တွေ သိမ်းဆည်းထားတဲ့ လက်နက်များ အများအပြား ဖမ်းဆီးရမိလျက်ရှိကြောင်း သိရပါတယ်။ ဖမ်းဆီးရမိစာရင်းအရ-

• အောက်တိုဘာ ၁၂ ရက်က ကျောက်ဖူးရွာ ဘုန်းကြီးကျောင်းအတွင်းမှ လက်လုပ်သေနတ် ၄ လက်၊ ၄၀ မမ ၁ လက်၊ စိန်ပြောင်း ၁ လက် ၊ မိုင်း ၁၀ လုံး၊ ဆိုင်ကယ် ၄ စီး။

• အောက်တိုဘာ ၁၃ ရက်က ရေလည်ကျွန်း၊ ဘုန်းတော်ပြည့်ရွာ စာသင်ကျောင်းအတွင်းမှ လက်လုပ်သေနတ် ၂၂ လက်၊ လက်လုပ်မိုင်း ၂၉ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ AD van ၁ စီးနှင့် ထော်လာဂျီ ၁ စီး။

အောက်တိုဘာ ၁၄ ရက်က နန်းဦးကျေးရွာရှိ စာသင်ကျောင်းအတွင်းမှ လက်လုပ်သေနတ် ၂၂ လက်၊ စိန်ပြောင်း ၁၇ လက် နဲ့ RPG ၃ လက်။

• အောက်တိုဘာ ၁၃ ရက်က လှေခုတ်ကျေးရွာအနီး လက်လုပ်သေနတ် ၆ လက်နှင့် RPG ၁ လက်။

• အောက်တိုဘာ ၁၄ ရက်က မြေတော်ကျေးရွာရှိ စာသင်ကျောင်းအတွင်းမှ လက်လုပ်သေနတ် ၃ လက်၊ မိုင်းမျိုးစုံ ၁၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ ။

၃ ရက်အတွင်းမှာ RPG နဲ့ စိန်ပြောင်းတို့ အပါအဝင် လက်နက်စုစုပေါင်း ၇၉ လက်၊ မိုင်းမျိုးစုံ ၅၂ လုံးတို့ ဖမ်းဆီးခံရပြီး PDF များ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒီလိုဖြစ်ရခြင်းဟာ NUG အဖွဲ့ရဲ့ COC အောက်က ပကဖနဲ့ Local PDF များအကြား အကွဲအပြဲများ ဖြစ်ပြီး Local PDF များရဲ့ သတင်းပေါက်ကြားမှုများ
အရစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုများကြောင့် ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ ရေစကြိုမြို့နယ် NLD ပါတီဝင်အမတ်ဟောင်းတစ်ဦးက ပြောကြားခဲ့ပါတယ်။