တေးရေးဆရာ ကိုရယ်ဂျီ ကွယ်လွန်

ဝိညာဉ်တစ်ခုရဲ့ဆန္ဒ၊ အချစ်ဦးဇာတ်လမ်း၊ မလာပါနဲ့၊ မင်း၊ လက်ခံပေးပါ၊ ကြိုနှင့်တော့၊ တွဲလက်များ၊ ငါ့ရဲ့လမင်း၊ အချစ်ဖြင့်လွမ်းစေ အပါအဝင်ဂီတလောကရဲ့ တေးသီချင်းကောင်းများစွာကို ဖန်တီးရေးသားခဲ့တဲ့ တေးရေးဆရာကိုရယ်ဂျီဟာယနေ့ ဒီဇင်ဘာ လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

အခုလိုဆရာရယ်ဂျီကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ဂီတရပ်ဝန်းမှမိတ်ဆွေများ သီချင်းချစ်သူပရိသတ်များကဝမ်းနည်းကြောင်းစကားဆိုထားပါတယ်။