၅၇၈ မှ သူရဲကောင်းကြီး (သို့) ရဲဘော် ဝေကြီး

သူ့နာမည်က ရဲဘော် ဝေကြီး

ခမရ (၅၇၈) မှာ သူကိုမသိတဲ့သူမရှိဘူး…စည်းကမ်းကောင်းတယ် တိုက်ရည်ခိုက်ရည်ကောင်းတယ် သတ္တိရှိတယ်

ပြောရမယ်ဆိုရင် စစ်သည်တော်ကောင်းတစ်ယောက်ပေါ့…သူတို့တပ်ရဲ့ အဓိက Mission က လွိုင်ကော် တက္ကသိုလ်ထဲမှာပိတ်မိနေတဲ့ ဆရာ/ဆရာမတွေကို ကယ်တင်ဖို့၊ ၁၁-၁၁-၂၀၂၃ ရက်နေ့မှာ လွိုင်ကော် တက္ကသိုလ်ထဲမှာအကြမ်းဖက် KNPP+KNDF များရဲ့ ပိတ်ဆို့ခြင်းခံထားရတဲ့ဆရာ/ဆရာမတွေကို ကယ်တင်ဖို့ သွားရောက်ခဲ့တယ်။

ဒီလိုချီတက်သွားလာချိန် ထေးဌားလျာရပ်ကွက်နဲ့ လွိုင်ကော်တက္ကသိုလ်ကြားမှာ အကြမ်းဖက်အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်မှုဖြစ်ပွားခဲ့တယ်။ တိုက်ပွဲအတွင်း မိမိဘက် စစ်သည်တော်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရဲဘော်ဝေကြီးတို့အဖွဲ့ရဲ့ အဓိက Mission က ရန်သူကို တိုက်ခိုက်ချေမှုန်းဖို့ထက် ဆရာ/ဆရာမတွေကို ကယ်တင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့် ရန်သူကို ပြင်းပြင်းထန်ထန်တုံ့ပြန်ပြီး ဒဏ်ရာရ စစ်သည်တွေနဲ့အတူ တက္ကသိုလ်ထဲမှာရှိတဲ့ ဆရာ/ဆရာမတွေကို ကယ်တင်ဖို့ ထိုးဖောက်ချီတက်ခဲ့ကြတယ်။

ဒါပေမယ့်လည်း အကြမ်းဖက်သမားတွေက နောက်မှထပ်ချပ်လိုက် တိုက်ခိုက်နေသည့်အတွက် ရောက်ရှိတဲ့ နေရာမှာ ခံစစ်ပြင်ပြီး ပြင်းပြင်းထန်ထန်ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့တဲ့အပြင် အမြောက်နဲ့လေကြောင်းမှ ပစ်ကူပေး တိုက်ခိုက်သည့်အတွက် ရန်သူတွေအထိနာသွားတယ်။

၁၁ ရက်နဲ့ ၁၂ ရက်နေ့မှာ အထိနာသွားအကြမ်းဖက်သမားများ ခေတ္တငြိမ်သွားပြီး ၁၃ ရက်နေ့ မနက်မှာ ရန်သူဟာအင်အားအများပြားနဲ့ ရဲဘော်ဝေကြီးတို့အဖွဲ့ ခံစစ်ပြင်ထားတဲ့နေရာကို ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ကြပါတယ်။ ဒါ့အပြင် အကြမ်းဖက်သမားများမှ ခရာမှုတ်ပြီး ရဲဘော်ဝေကြီးတို့အဖွဲ့ကို လက်နက်ချအညံ့ခံဖို့ ပြောတဲ့အပြင် စနိုက်ပါတွေ RPG တွေနဲ့ အဆက်မပြတ် ပစ်ခတ်လျက်ရှိတယ်။

ဒီအချိန်မှာ ရဲဘော်ဝေကြီးတို့ဖွဲ့ဟာ စစ်သည်တော်ကောင်းတွေပီသစွာ ရန်သူကိုအညံ့မခံတဲ့အပြင် အင်အား များစွာနဲ့ ဝိုင်းပတ်ပိတ်ဆို့ထားတဲ့ရန်သူကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီး ဖောက်ထွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လမ်းကြောင်းမှာရှိတဲ့ ရန်သူတွေကို ရဲဘော်ဝေကြီးမှ လက်ပစ်ဗုံးနှင့်အဆက်မပြတ် ပစ်ခတ်ကာ အလောင်းတွေ ပုံနေအောင် တိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ရန်သူသေနတ်ကိုပါ အပါယူနိုင်ခဲ့တယ်။

ဒီလိုဖောက်ထွက်လာတဲ့ ရဲဘော်ဝေကြီးတို့အဖွဲ့ဟာ စစ်ကူတပ်များနဲ့ ပြန်လည်ပူပေါင်းနိုင်ခဲ့ပြီး အဓိက Mission ဖြစ်တဲ့ ဆရာ/ဆရာမတွေကို သွားရောက်ကယ်တင်ခဲ့ကာ အထက်ဌာနမှ တာဝန်ပေးအပ်ထားတဲ့ ရည်မှန်းချက်နေရာထိ အန္တရာယ်ကင်းစွာ ပို့ဆောင်နိုင်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ရန်သူက အင်အားအဆမတန်နဲ့ ဝိုင်းပတ်ပိတ်ဆို့ ပစ်ခတ်ခံရတာတောင် ရန်သူကို အညံ့မခံ တဲ့အပြင် ရှိတဲ့အင်အားနဲ့ ရေကုန်ရေခမ်းတိုက်ခိုက်ပြီး စစ်သားကောင်းများပီသစွာ ကျင့်ကြံခဲ့တယ်။

ထို့ပြင် ဆရာ/ဆရာမတွေကိုလည်း ရန်သူလက်အတွင်းမှ အထိခိုက်မရှိ ကယ်တင်နိုင်ခဲ့တဲ့အပြင် ရန်သူအလောင်းလက်နက်တွေပါ အပါယူနိုင်ခဲ့တယ်။

ဟုတ်ပါတယ်……သူတို့က စစ်သားတစ်ယောက် ဂုဏ်ပုဒ်ကို အရောင်ထပ်တင်ပေးခဲ့တဲ့သူတွေ
ရည်မှန်းချက်ကိုဆောင်ရွက်ချိန် ကျရာ ကဏ္ဍကနေ လက်စွမ်းပြနိုင်ခဲ့တဲ့သူတွေ…သူတို့ကတော့ ခမရ(၅၇၈)က ရဲဘော်ဝေကြီးနဲ့အဖွဲ့ပဲဖြစ်ပါတယ်
ဂုဏ်ယူပါတယ်ဗျာ…..