အိမ်နီးချင်းကောင်း ပီသတဲ့ အိန္ဒိယ

အိန္ဒိယစစ်တပ်သည် မြန်မာ့တပ်မတော်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအစိတ်အပိုင်းအဖြစ် မြန်မာ့တပ်မတော်မှ သူနာပြု ၂၈ ဦးကို လေ့ကျင့်သင့်ကြားပေးခဲ့ပြီး မြန်မာစစ်တပ်မှ သူနာပြုများအပြင် နီပေါစစ်တပ်မှသူနာပြု ၄ ဦးသည်လည်း အိန္ဒိယစစ်တပ်က လေ့ကျင့်သင်ကြားပေးသော ဆေးဘက်ဆိုင်ရာနှင့်ခွဲစိတ်မှုဆိုင်ရာသင်တန်းများကို တက်ရောက်ခဲ့ကြောင်း သိရသည်။
အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် မြန်မာ့တပ်မတော်အပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခြင်း၊ ဝေဖန်ပြစ်တင်မှုများ လုပ်ဆောင်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် မြန်မာ့တပ်မတော်နှင့် ပုံမှန်အတိုင်း ဆက်ဆံရေး ထိန်းသိမ်းလျက်ရှိသည်။