ပြည်သူများရဲ့ ကျန်းမာရေး အစဉ်ထာဝရ စောင့်ရှောက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သရက်ချောင်းကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၁၀၄ ဦးတို့ကို အဆိုပါကျေးရွာရှိ ဒက္ခိဏာရုံကျောင်းတိုက်၌ လည်းကောင်း၊ သန်လျင်မြို့နယ်၊ ဖားကူးအရှေ့ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ ပြည်သူ စုစုပေါင်း ၁၆၀ ဦးတို့ကို အဆိုပါကျေးရွာဓမ္မာရုံ၌ လည်းကောင်း ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုက်ကြီးတပ်နယ်နှင့် သန်လျင်တပ်နယ်တို့မှ နယ်မြေခံ ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။