စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ၍ ၅၀ ဦး သေဆုံးတယ်လို့ Mizzima မှ သတင်းအတုရေး

ဇူလိုင်လ ၁၆ ရက်နေ့ကလည်း အဆိုပါ စစ်ယာဉ်တန်းကို ကန်ပက်လက်မြို့နယ်၊ မဆွာတီရွာနှင့် လွဲလည်းကျင်းကျေးရွာကြား သုံးထပ်ကွေ့အရောက်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်သား ၅၀ ဦးထက်မနည်း သေဆုံးထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း Mizzima မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။

ဖြစ်စဉ်အမှန်မှာ ဇူလိုင်လ ၁၆ ရက်နေ့၌ ကန်ပက်လက်မြို့နယ်၊ မဆွာတီရွာနှင့် လွဲလည်းကျင်းကျေးရွာကြားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံတာမရှိသလို PDF များနဲ့ တိုက်ပွဲဖြစ်တာလည်း မရှိခဲ့ကြောင်း ဒေသတွင်းသတင်းပေးချက်များအရ သိရှိရပါတယ်။ PDF တွေ လိုင်းပေါ်ကနေ တောင်းစားလို့ကောင်းအောင် Mizzima မှ ဖြစ်စဉ်မရှိပါဘဲ စစ်သား ၅၀ ဦးထက်မနည်း သေဆုံးတယ်ဟု စိတ်ကူးယဉ်ကာ ယုတ္တိမရှိ လုပ်ကြံဖန်တီးရေးသားထားခြင်းသာဖြစ်ပါတယ်။

FakeNews

FactCheck