ဇန်နဝါရီလ ၁၇ ရက်နေ့မှုခင်းသတင်းများ

-ဇန်နဝါရီလ ၁၆ ရက် ၁၄၀၀ နာရီတွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာနေ ဦးစိုးဝင်း(ခ)လားလား (၅၇)နှစ်သည် ကွန်ကရစ်လမ်းခင်းနေမှုအား ကြီးကြပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) အင်အား ၈ ဦး ခန့်မှ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၁ စီးနှင့် Vigo အဖြူရောင်ယာဉ် ၁ စီးတို့ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ ခေါင်ပြန်ကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ဦးစိုးဝင်း(ခ)လားလားတွင် ဝဲဘက်ရင်ညွန့်၊ ဝဲ/ယာလက်မောင်း၊ ဝဲခြေသလုံး ကျည်ဖောက်ဝင် ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့။

-ဇန်နဝါရီလ ၁၆ ရက် ၁၇၀၀ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်နေ ဦးသောင်းကျော် (၄၀)နှစ်၊ မောင်ဟိန်းထက် (၁ နှစ်၊ ၂ လ)၊ မောင်ဖိုးမောင် (၁၅)နှစ်နှင့် မသော်သော် (၁၆)နှစ်တို့ ၄ ဦးသည် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ စည်ပင်သာယာ ဈေးကြီးမှ ဈေးဝယ်၍ နေအိမ်သို့ ပြန်လာစဉ် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ ရန်မျိုးအောင်ရပ်သို့ အရောက်၌ PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)မှ ရွှေဘိုမြို့၊ မြို့ရှောင်လမ်းဘက်မှ လက်လုပ်စိန်ပြောင်းများဖြင့် ရွှေဘိုမြို့ အတွင်းသို့ ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးသောင်းကျော်တွင် ယာလက်မောင်း မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်ဟိန်းထက်တွင် ဝဲပေါင်၊ ဝဲဒူးမိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)၊ မောင်ဖိုးမောင်တွင် ဝဲပေါင်၊ ဝဲဝမ်းဗိုက် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မသော်သော်တွင် ဝဲလက်ဖျံ၊ ဝဲဝမ်းဗိုက်မိုင်းစထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)တို့ရရှိခဲ့။

-ဇန်နဝါရီလ ၁၆ ရက် ၀၉၀၀ နာရီတွင် မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာနေ ဦးဆန်းမင်း(ခ)မင်းမင်း (၄၀)နှစ်၊ စက်ပြင် လုပ်ငန်းလုပ်ကိုင်သူသည် နေအိမ်၌ ရှိနေစဉ် (စိစစ်ဆဲ) ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးဆန်းမင်း(ခ)မင်းမင်းတွင် ယာလက်ပြင်၊ လည်ပင်း၊ ယာပေါင်ကျည် ဖောက်ဝင်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးသွားခဲ့။

-ဇန်နဝါရီလ ၁၆ ရက် ၁၈၃၀ နာရီတွင် မြင်းခြံမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဦးမင်းသူ (၅၀)နှစ်၊ တောင်သူသည် ဆီမီးခုံမြို့၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ ဆီမီးခုံ-နဘူးအိုင်သွား ကားလမ်းဘေးရှိ ၎င်းပိုင်ဆိုင်သည့် လယ်ကွင်း အတွင်း လယ်ထွန်နေစဉ် အကြမ်းဖက် ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် လက်နက်ငယ်/ဓားများ ကိုင်ဆောင်၍ ရောက်ရှိလာပြီး သေနတ်ဖြင့် ၁ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမင်းသူတွင်  ယာနားနောက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးသွားခဲ့။

-ဇန်နဝါရီလ ၁၆ ရက် ၁၄၄၅ နာရီတွင် နွားထိုးကြီးမြို့နယ်၊ ဆောက်လုပ်‌ရေးရုံးဝင်းနေရာတို့အား PDF အကြမ်းဖက်အဖွဲ့မှ  နွားထိုးကြီးမြို့၏ တောင်ဘက် မီတာ ၅၀၀ ခန့်အကွာ (နွားထိုးကြီးမြို့မဈေး အနီး)မှ ၄၀ မမ ဗုံးသီးဖြင့်  ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ အထက(မြို့မ)ကျောင်းရှေ့တွင် ၁ လုံး၊ စိုက်ပျိုးရေးရုံးရှေ့ ကားလမ်းမပေါ်တွင် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့‌ရာ ဒေါ်မာမာမြင့်တွင် ဝဲဘက်ဒူးဗုံးစဖောက်ဝင်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ) ရရှိခဲ့။

-ဇန်နဝါရီလ ၁၆ ရက် ၁၆၂၀ နာရီတွင် ရွှေဘိုမြို့နယ်၊ မင်းရွာကျေးရွာနေ ဒေါ်ငွေစန်း (၇၇)နှစ်သည် ကျေးရွာအရှေ့ဘက် ၂ ဖာလုံခန့်အကွာရှိ လယ်တောသို့ သွားရောက်စဉ် လမ်းယာဘက်ခြမ်း၌ PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ဒေါ်ငွေစန်းတွင် ယာပေါင်မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့။

-ဇန်နဝါရီလ ၁၆ ရက် ၁၃၃၀ နာရီတွင် ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာနေ ဒေါ်ချိုချိုဝင်း (၃၇)နှစ်၊ တောင်သူသည် ကျေးရွာ၏ မြောက်ဘက် ၅ ဖာလုံခန့်အကွာရှိ ဒေသအခေါ် သစ်ငုတ်တစ်ထောင်တောတိုက်၌ မြေပဲနှုတ်နေသော ခင်ပွန်းဖြစ်သူ ဦးဝင်းနိုင်အေး (၄၀)နှစ် ထံသို့ ထမင်းပို့၍ ပြန်လာစဉ် PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့ရာ ဒေါ်ချိုချိုဝင်းတွင် ဝဲခြေဖမိုး၊ ဝဲခြေကျင်းဝတ် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့။