မိုင်းထောင်နေတဲ့အကြမ်းဖက် PDF များအား အသေဖမ်းဆီး


ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာအနီးမိုင်းထောင်နေတဲ့ အကြမ်းဖက် PDF များကို တွေ့ရှိခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက် PDF အလောင်း ၅ လောင်းနှင့် သေနတ် ၆ လက်ရရှိခဲ့ကြောင်း သိရှိရပါတယ်။ သေနတ်သာ မဖမ်းမိခဲ့ဖူးဆိုရင် အကြမ်းဖက်အားပေး မီဒီယာများမှ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေပါတယ်ဆိုပြီး သတင်းမှားတွေဖြန့်ပြီး ပြည်သူကိုဂျင်းတွေထည့်နေဦးမှာပဲ ဖြစ်ပါတယ်။

အခုတော့ သေနတ်နှင့်အတူ ဖမ်းမိခဲ့တာဖြစ်ပြီး အကြမ်းဖက် PDF များအနေဖြင့် ပြည်သူယောင်ဆောင်ပြီး ပြည်သူလူထုထဲသို့ စိမ့်ဝင်လျက်ရှိတာကြောင့် ပြည်သူများအနေဖြင့် အကြမ်းဖက်သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များသို့ အချိန်မီသတင်းပေးပို့ရန်လည်း လိုအပ်ပါတယ်။