ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ဇင့်ဘုံကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွား

စက်တင်ဘာ ၂၅ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၏ အရှေ့တောင်ဘက် ကချင်သေ(ဒေသအခေါ်) တစ်ဝိုက်တွင် KIA နှင့် အကြမ်းဖက်သမားပူးပေါင်းအဖွဲ့များ လှုပ်ရှားနေကြောင်း သတင်းအရ
တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးသွားရောက်စဉ် ဇင့်ဘုံကျေးရွာ၏ အနောက်တောင်ဘက်၌ KIA နှင့် အကြမ်းဖက်သမားပူးပေါင်းအဖွဲ့ ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ-
-KIA အကြမ်းဖက်သမားပူးပေါင်းအဖွဲ့ ၃ လောင်း
-KO-9 ၃ လက်
-M-22 ၁ လက်
-M-79 ၁ လက်
-ကျည် ၂၉၀ တောင့်
-ကျည်အိမ် ၁၂ ခု
-၄၀ မမဗုံးသီး ၁၅ လုံး
-လက်လုံးမိုင်း ၁ လုံး
-ယူနီဖောင်း ၂ စုံ
-တဲ ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရပါတယ်…