မတူပီမြို့နှင့်ထိစပ်နေသော အိန္ဒိယ-မြန်မာ နယ်စပ်လမ်းကို ခြံစည်းရိုးကာပြီး ပိတ်လိုက်ပြီ

မတူပီမြို့နယ်နှင့် ထိစပ်နေသော အိန္ဒိယ -မြန်မာ နယ်စပ်လမ်း ရောင်းလင်ကျေးရွာ(အိန္ဒိယ) နှင့် လှုမာန်ကျေးရွာ( မြန်မာ )ကြားကို ၂၀၂၃ခုနှစ်၊ ဧပြီလ(၆)ရက်နေ့ တွင် ခြံစည်းရိုးကာပြီး ပိတ်လိုက်ပြီ ဖြစ်ကြောင်း ၊ထိုခြံစည်းရိုးကို နယ်စပ်တွင် တစ်ထပ်၊နယ်စပ်နှင့် ဖာလုံအနည်းငယ် အကွာတွင် တစ်ထပ်ဖြင့် နှစ်နေရာတွင် အခိုင်အမာ ကားထားသည်ဟု သိရသည်။
ခြံစည်းရိုး ကာထားရသည့်အကြောင်းရင်းမှာ လတ်တလောတွင် ဖြစ်ပွားခဲ့သည် အကြမ်းဖက် CPDF ချင်းအဖွဲ့က အိန္ဒိယနိုင်ငံသား ၂ ဦးကို သတ်ဖြတ်မူနှင့်ဆက်စပ်နေကြောင်း သိရသည်။ လူသတ်မူအမှုမှန်ဖော်ထုတ်ပြီးမှသာလျှင် ပြန်လည်ဖွင့်ပေးမည် ဖြစ်ကြောင်းလည်း ရောင်းလင်ကျေးရွာဒေသခံတစ်ဦးမှပြောကြားခဲ့တယ်လို့သိရပါတယ်။