သင်္ကြန်ပိတ်ရက်များတွင် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောခေါက်ရေ ပြောင်းလဲပြေးဆွဲ

၂၀၂၃ ခုနှစ် သင်္ကြန်ရုံးပိတ်ရက်ကာလ ဧပြီ ၁၃ ရက်မှ ၁၇ ရက်အတွင်း ခရီးသွားပြည်သူများနှင့် ကုန်ပစ္စည်းများ တင်ပိုမှုလျော့နည်းလာသဖြင့် သင်္ဘောခရီးစဉ်ကို အသွားခေါက်ရေ (၂၀)၊ အပြန်ခေါက်ရေ (၂၀)နှုန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၆ နာရီမှ ည ၆ နာရီခွဲအထိလည်ကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီခွဲမှ ည ၇ နာရီအထိလည်ကောင်း သင်္ဘောရေယာဉ်ခရီးစဉ်များကို ပြောင်းလဲသတ်မှတ်၍ ပြေးဆွဲပေးမည်ဖြစ်ကြောင်း ခရီးသွားပြည်သူများ သိရှိနိုင်စေရန်အတွက် သင်္ဘောဆိပ်ကမ်းရှိ လက်မှတ်ရုံဝင်ပေါက်တွင် အသိပေးဗီနိုင်းများဖြင့် ကြေငြာထားသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလ ပြီးဆုံးပါက သင်္ဘောခေါက်ရေခရီးစဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်တယ်လို့သိရပါတယ်။