CB Bank ကထုတ်တဲ့ Man U နဲ့ FIFA prepaid card တွေကို ယာယီရပ်ဆိုင်းကြောင်းထုတ်ပြန်

CB Bank က ထုတ်လုပ်ထားတဲ့ Manchester United Prepaid Card(Only Multi Currency)နဲ့ FIFA Prepaid Card တို့ရဲ့ ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ထုတ်ပြန်အသိပေးလိုက်ပါတယ်။

CB Bank က ထုတ်လုပ်ထားတဲ့ Manchester United Prepaid Card(Only Multi Currency)နဲ့ FIFA Prepaid Card တို့ရဲ့ ဝန်ဆောင်မှုများကို အခြေအနေအရပ်ရပ်ကြောင့် ယာယီရပ်ဆိုင်းလိုက်တာနဲ့စပ်လျဉ်းပြီး ဇန်နဝါရီလ ၁၉ရက်နေ့မှာ CB Bank က အသိပေးကြေညာခဲ့တာဖြစ်ပါတယ်။

CB Bank က ထုတ်လုပ်ထားတဲ့ Manchester United Prepaid Card(Only Multi Currency)နဲ့ FIFA Prepaid Card တို့ရဲ့ ဝန်ဆောင်မှုများကို အခြေအနေအရပ်ရပ်ကြောင့် ယာယီရပ်ဆိုင်းလိုက်ရသဖြင့် သုံးစွဲသူများ အဆင်မပြေမှုများ ကြုံတွေ့ရတဲ့အပေါ် အနူးအညွတ်တောင်းပန်တယ်လို့ ဖော်ပြထားပါတယ်။

“ပိတ်မယ်ဆိုလည်း ကြိုအသိပေးသင့်တယ်၊ အခုဟာက ပိတ်တာတောင် အောက်က ဘဏ်ဝန်ထမ်းတွေက မသိဘူးဖြစ်နေတာမျိုး။ ကတ်လျှောက်တုန်းကယူထားတဲ့ ကဒ်ဖိုး ၂၀၀၀၀ရယ်၊ deposit ဒေါ်လာ ၂၀ရယ် ကတ်ထဲလက်ကျန်ငွေတွေရယ်ကို ဘယ်လိုပုံစံနဲ့ ပြန်ထုတ်ပေးမယ်ဆိုတာကိုလည်း ကြေညာပေးသင့်တယ်”လို့ သုံးစွဲသူအချို့က ဝေဖန်ပြောဆိုထားပါတယ်။

CB Bank က ထုတ်လုပ်ထားတဲ့ Manchester United Prepaid Card(Only Multi Currency)နဲ့ FIFA Prepaid Card တို့ရဲ့ ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းလိုက်တာကြောင့် ထိုကတ်များ ပိတ်သိမ်းခြင်း(သို့မဟုတ်)အခြားသောကတ်များနဲ့ အစားထိုးလျှောက်ထားခြင်းတို့ကို လုပ်ဆောင်နိုင်တယ်လို့ အသိပေးထားတာလည်းဖြစ်ပါတယ်။