ဓာတ်တိုင်အားကားဝင်တိုက်၍ မြိုနယ် ၆ ခု၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိ

ရန်ကုန်တိုင်း၊တာမွေမြိုနယ်၊လေးထောင့်ကန်လမ်းပေါ်ရှိ လျှပ်စစ် ဓာတ်တိုင်အား သြဂုတ် ၂၅ ရက်ညပိုင်းက ကားတစ်စီးမှဝင်တိုက်ခဲ့သဖြင့် မြိုနယ် ၆ ခု၌ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရပါတယ်။

ယမန်နေ့ည ၁၁ နာရီခွဲကျော်ခန့်က လေးထောင့်ကန်လမ်းပေါ်ရှိ 66kV သာကေတ-ပုသိမ်ညွန့် ဓာတ်အားလိုင်း၏ လျှပ်စစ်ဓာတ်တိုင်တစ်တိုင်အား ကားတစ်စီးမှအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိသဖြင့် လျှပ်စစ်ဓာတ်တိုင် ၃ တိုင်ကျိုးကာ ၃ တိုင်ယိုင်နဲ့သွားခဲ့တာပဲဖြစ်ပါတယ်။