မတ်လ ၂၅ ရက်နေ့မှုခင်းသတင်းများ

-မတ်လ ၂၄ ရက် ၀၉၃၅ နာရီတွင် ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာနေ ဦးစံလွင်(၅၇)နှစ်သည် နေအိမ်မှ ရပ်ကွက်အရုံးသို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးစံလွင်တွင် ဝဲနားထင်၊ ယာပခုံး၊ နောက်ကျော၊ ယာနားရွက်အောက်ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့။

-မတ်လ ၂၄ ရက် ၀၇၀၀ နာရီတွင် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ ဒေါ်စောကြူ(၅၉)နှစ်၊ အင်းဇောက်ကျေးရွာနေသူသည် ၎င်း၏ နေအိမ်၌ တစ်ဦးတည်းရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့မှ ၎င်း၏ နေအိမ်သို့ ရောက်ရှိလာပြီး စပ်ပြဲကျေးရွာဘက်သို့ ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း သိရှိရ>

-မတ်လ ၂၄ ရက် ၀၈၀၀ နာရီတွင် ကျောက်ပန်းတောင်းမြို့နယ်၊ သပြေကိုင်းကျေးရွာတွင်နေထိုင်သော ဦးမောင်တင်စိန်(၅၆)နှစ်၊ တောင်သူလုပ်ကိုင်သူသည် ၎င်း၏ နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား PDF ၄ ဦးမှာ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိ လာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမောင်တင်စိန်တွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာဖြင့် နေရာတွင် သေဆုံးခဲ့>

-မတ်လ ၂၄ ရက် ၀၀၃၀ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်၊ ဆိပ်ခွန်စုရပ်နေ ဒေါ်မြမြငြိမ်း(၄၉)နှစ်၊ အငယ်တန်း စာရေးသည် နေအိမ်၌ မိသားစုနှင့်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၇ ဦးခန့်သည် လက်နက် ကိုယ်စီကိုင်ဆောင် ရောက်ရှိလာပြီး ဒေါ်မြမြငြိမ်းအား ရွှေဘိုမြို့နယ်၊ အိုဘိုကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-မတ်လ ၂၄ ရက် ၀၇၃၀ နာရီတွင် ကျောက်တံတားမြို့နယ်၊ (၁)ရပ်ကွက်၊ မဟာဗန္ဓုလလမ်း၊ မြို့တော်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်ရှေ့၌ အကြမ်းဖက် PDF များမှ ယုတ်မာသည့် အကြံဖြင့်လာရောက်ထားရှိသည့် မသင်္ကာဖွယ်ကျောပိုးအိတ် ၁ လုံး တွေ့ရှိသဖြင့် စိစစ်ခဲ့ရာ ဂတ်စ်ဗူး ၂ ဗူး၊ ဓာတ်ဆီ( ၁ လီတာပါ) ၂ ဗူး၊ အချင်း ၃ လက်မ၊ အရှည် ၈ လက်မ ခန့်ရှိ PVC ပိုက် ၂ လုံး၊ 9 ဗို့ဓာတ်ခဲ ၄ လုံးတို့ဖြင့် ချိတ်ဆက်ပြုလုပ်ထားသည့် လက်လုပ်မိုင်း ၂ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့။

-မတ်လ ၂၄ ရက် ၀၆၅၀ နာရီတွင် မြောင်မြို့၊ မြောက်ရပ်ကွက်၊ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ မြောင်-ပရိမ္မကားလမ်းအနီးတွင် PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ်ရီမုမိုင်း ၂ လုံးအား ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အနီးရှိ ဆန်းထိုက်အောင်(၂၇)နှစ်၊ မြို့သစ်ရပ်ကွက်၊ မြောင်မြို့နေသူတွင် ဝဲကျောမိုင်းစဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။