ရုပ်ရှင်သရုပ်ဆောင် မင်းသားကြီးကျော်သူ၏ဖခင် ဦးစိန်တင်ကွယ်လွန်

နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ ဥက္ကဌ ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ အကယ်ဒမီကျော်သူရဲ့ ဖခင်ဖြစ်သူ အမျိုးသားရုပ်ရှင် ထုတ်လုပ်ရေးပိုင်ရှင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးနာယက ဦးစိန်တင် ဟာ ဒီကနေ့ မတ်လ ၃ရက်နေ့ မနက် ၄နာရီနဲ့ ၁၀ မိနစ် အချိန်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါကြောင်း သိရှိရပါတယ်။

ရုပ်ရှင်သရုပ်ဆောင်နှင့်ဒါရိုက်တာ အကယ်ဒမီကျော်သူ+မြင့်မြင့်ခင်ဖေ(ခ)ရွှေဇီးကွက် တို့၏ ဖခင်ဖြစ်သူ ဦးစိန်တင်(အမျိုးသားရုပ်ရှင်) သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နာယကတစ်ဦး ဖြစ်သလို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏ နာယကလည်း ဖြစ်ပါတယ်။