ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းကို အကြမ်းဖက်သမားများက လာရောက်ပစ်ခတ်ခဲ့

အောက်တိုဘာ ၉ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်နယ်မြေရဲစခန်းကို စခန်း၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့်အကွာမှ အကြမ်းဖက်သမားအင်အား ၁၀ ဦးခန့်က လက်နက်ငယ်/လက်လုပ်သေနတ်များနှင့် လာရောက်ပစ်ခတ်ခဲ့သဖြင့်
ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး-
-အကြမ်းဖက်သမား ၂ လောင်း
-ပစ္စတို ၁ လက်
-ကျည်အိမ် ၂ ခု
-ကျည် ၁၀ တောင့်အား သိမ်းဆည်းရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး(စိုးရိမ်ရ)၊ ၁ ဦး(မစိုးရိမ်) ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်….