ဖေဖော်ဝါရီလ ၂၁ ရက် တိုက်ပွဲသတင်းများ

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။
💥💥💥💥💥💥💥💥💥💥

လွိုင်ကော်

နံနက် ၈ ခွဲခန့်မှစတင်ပြီး နေ့လည် ၂ နာရီခန့်ထိ လွိင်ကော်မြို့အနီးတစ်ဝိုက်ရှိ နယ်မြေခံ ရင်းဌာနချုပ်၊ ရွှေတောင်ဘုန်းကြီးကျောင်း၊ သစ်တစ်ပင်တောင်တို့ရှိ လုံခြုံရေးတပ်စခန်းများအား KNPP/KNDF အင်အား ၇၀ ခန့်က အဖွဲငယ်များခွဲပြီး ၈၁ မမ ဖြင့်အဝေးမှ ပစ်ခတ်နှောက်ယှက်ခြင်း၊ ၄၀ မမ လက်နက် ငယ်တိုဖြင့် လာရောက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့များက လက်နက်ကြီး/ငယ်များဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့။
ဖြစ်စဥ်တွင် မိမိထိခိုက်မှုမရှိဘဲ ရန်သူထိခိုက်မှုစုံစမ်းဆဲဖြစ်။

ဘောလခဲ၊ မယ်စလောင်း

ကယားပြည်နယ် ဘောလခဲမြို့နယ် မယ်စလောင်းစခန်းသို့ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ပစ်ချတိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

DJI Air-2S Drone ၁ စီး သိမ်းဆည်းရမိခဲ့။

ဟိုပုံး

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် နန်းဟူရွာအနီး PNO နှင့် KNDF/PNLA+PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့မှ ၃၀ ဦးခန့်တို တိုက်ပွဲဖြစ်ပွားခဲ့။

ရေးမြို့

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာတစ်ဝိုက် အကြမ်းဖက်များ ရောက်ရှိ ခိုအောင်းနေကြောင်းသတင်းအရ သွားရောက်ရှင်းလင်းစဉ် ၎င်းကျေးရွာအနီးသို့အရောက် အကြမ်းဖက် ၁၀ ဦးခန့်နှင့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။

အမ်(၄) ၁ လက်၊ ၉ လုံးထိုး ၁ လက်၊ ကျည် ၂၀ တောင့် တို့သိမ်းဆည်းရမိခဲ့။

ထားဝယ်၊ မေတ္တာ

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ဝကုန်းကျေးရွာအနီးသို့အရောက် လုံခြုံရေးတပ်ဖွဲ့များအား အကြမ်းဖက် ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်ဘက်မှ လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

အကြမ်းဖက် ၆ လောင်း၊ လက်နက် ၇ လက် သိမ်းဆည်းရမိခဲ့။

ကလေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကံသာယာကျေးရွာပြည်သူ့စစ်စခန်းသို့ PDF ၁၀၀ ဦးခန့်က နေရာ ၃ နေရာမှ လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

ရန်သူထိခိုက်မှုစုံစမ်းဆဲ၊ မိမိထိခိုက်မှုမရှိ။

ထီးချိုင့်

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်၊ ရွှေဂူတောင်ကျောင်း၊ ထီးချိုင့်မြို့တွင်းနှင့် ဖုန်ကုန်းလေး နေရာများသို KIA+PDF ၁၅၀ ဦးခန့်က အဖွဲ့ငယ်များခွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။ #Crd