၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် အလယ်တန်းကျောင်း သား/သူများ နှစ်ဆုံးစာမေးပွဲ အေးချမ်းစွာဖြေဆိုလျက်ရှိ

၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် စတုတ္ထတန်း (Grade – 5) နှင့် အဋ္ဌမတန်း (Grade – 9) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ယနေ့နံနက် ၉ နာရီချိန်မှစ၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် ကျင်းပပြုလုပ်လျက်ရှိရာ ကျောင်းသား၊‌ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် စတုတ္ထတန်း (Grade – 5) နှင့် အဋ္ဌမတန်း (Grade – 9) နှစ်ဆုံးစာမေးပွဲများကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့ထိ ဖြေဆိုကြရမည်ဖြစ်ရာကျောင်းသား၊ ကျောင်းသူများ‌ နှစ်ဆုံးစာမေးပွဲများကို အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ သက်ဆိုင်ရာ ကျောင်းများမှ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း မြို့နယ်ပညာ‌ရေးမှူးရုံးမှ သိရပါတယ်။ #Crd