မြန်မာမှာ ကိုရီးယားအစားအစာပြပွဲ လာရောက်ကျင်းပဖို့ နှစ်နိုင်ငံလုပ်ငန်းရှင်တွေဆွေးနွေး

မြန်မာနိုင်ငံမှာ ကိုရီးယားအစားအစာပြပွဲလာရောက်ကျင်းပဖို့ နှစ်နိုင်ငံလုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကုန်သည်စက်မှုအသင်းချုပ်က ယနေ့ ထုတ်ပြန်ပါတယ်။

လာမယ့် ၂၀၂၄ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံ၌ ကိုရီးယားအစားအစာပြပွဲ လာရောက်ကျင်းပနိုင်ဖို့ ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ်နဲ့အဖွဲ့က CMS KOREA မှ ကိုယ်စားလှယ် Mr. Yeom Duk Jong နှင့် အဖွဲ့ဝင်တွေကို စက်တင်ဘာ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။