နိုင်ငံခြားသုံးငွေ လဲလှယ်သည့် Money Changer ကုမ္ပဏီ ၁၂၀ ကျော်ကို ဗဟိုဘဏ် လိုင်စင်ရုပ်သိမ်း

နိုင်ငံခြားသုံးငွေ လဲလှယ်သည့် Money Changer ကုမ္ပဏီ ၁၂၀ ကျော်ကို လိုင်စင်ရုပ်သိမ်း လိုက်တယ်လို့ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားသည့် နိုင်ငံခြားသုံးငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင်ရ ကုမ္ပဏီ ၁၂၃ ခုတို့သည် ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသဖြင့် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင် (Money Changer License) အား အမှုဆောင်ကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ စက်တင်ဘာလ ၁၉ ရက်မှပြီး လိုင်စင် ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် တစ်‌ဒေါ်လာ ကျပ် ၄,၀၀၀ ခန့်အထိ မြင့်တက်မှုများဖြစ်ခဲ့သည့်အတွက် ဗဟိုဘဏ်မှ နိုင်ငံခြားငွေဈေးကစားသူများအား အရေးယူဆောင်ရွက်ခြင်းကို လုပ်ဆောင်နေပြီး လူမှုကွန်ယက်မှာ ဒေါ်လာရောင်းသူတွေကို အသွင်ယူဖမ်းဆီးကာ အရေးယူနေတယ်လို့ လည်း ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။