မုန်တိုင်းဘေးအန္တရာယ်အတွက်တပ်မတော်သားများကြိုတင်ပြင်ဆင်ဆောင်ရွက်မှု

ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းဘေးအန္တရာယ်အတွက် တပ်မတော်သားများ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများအနေနဲ့

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် တဖြည်းဖြည်းအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ပြီး မြန်မာနိုင်ငံဘက်သို့ ဝင်ရောက် နိုင်သည့် အခြေအနေရှိသဖြင့် မုန်တိုင်းဘေးအန္တရာယ်ကျရောက်လာပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အရေးပေါ်ပြုစုခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင်ရွှေ့ပြောင်းပေးခြင်းများကို  မေလ ၆ ရက်က နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးစီးကျင်းပခဲ့သည့် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအရေးပေါ် အစည်းအဝေးလမ်း ညွှန်ချက်နှင့်အညီ တိုင်းစစ်ဌာနချုပ်အသီးသီး၌ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါ သည်။

  • မေလ ၈၊ ၉၊ ၁၀၊ ၁၁ ရက်တို့တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များနှင့်အတူ ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ခဲ့။
  • အဆိုပါတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူ ညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ မုန်တိုင်းဒဏ်ခံကာကွယ် ရေးအဆောက်အအုံ (Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ် (၅)မျိုးနှင့် သောက်သုံးရေများပြင်ဆင်ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့။
  • မုန်တိုင်းအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အရေး ပေါ်ဆောင်ရွက်နိုင်ရေးအတွက် မေလ ၁၀ ရက်တွင် ရန်ကုန်မြို့မှ စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် အမ်းမြို့များသို့ ရေသန့်ဆေးပြားများ၊ ဆေးပစ္စည်းများ၊ တစ်ကိုယ် ရေသုံးဆေးပစ္စည်းစုံပုံးများ၊ ရေသန့်စက်များ၊ ရေပုံးများ (၂၀ လီတာဝင်)၊ ဓာတ်ဆား အိတ်များ၊  Body Bag များ၊ ကြိုးခွေများ၊ မိုးကာစများနှင့် ခြောက်ဆွဲခြောက်များအား တပ်မတော်လေယာဉ်ဖြင့် သယ်ယူပို့ဆောင်ပေးခဲ့။
  • မေလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကယ်ဆယ်ရေးပစ္စည်းများ စုဖွဲ့ပြင်ဆင်ခြင်း၊ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးပစ္စည်းများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ အရေးပေါ်စားရေရိက္ခာများနှင့် သောက်ရေသန့်၊ စက်ယန္တရားများ ပါဝင်သည့် ယာဉ်အစီး ၁၁၂ စီးပါ တပ်မတော်ယာဉ်တန်းအား အုပ်စု ၁၀ စုဖွဲ့၍ ရန်ကုန်မြို့မှ ဂွ၊ အမ်းနှင့် ကျောက်တော်မြို့များသို့လည်းကောင်း၊ မမျှော် မှန်းနိုင်သည့်အခြေအနေတွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် အရန်စုဖွဲ့မှု အဖြစ် ပုသိမ်၊ ပြည်၊ မကွေး မြို့များသို့လည်းကောင်း စေလွတ်ခဲ့။
  • မေလ ၁၃ ရက်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင်လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီးရှိ မြို့နယ် ၅ ခုတွင်လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၅ ခုတွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၁၄ ခုတို့တွင်လည်းကောင်း နယ်မြေခံတပ်မတော်သားများက ဘေးအန္တရာယ်ကျရောက်နိုင်သောနေရာများမှ ပြည်သူများအား ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ မိုးသက်လေပြင်းကျရောက်မှုကြောင့် သစ်ပင်များလဲကျ၍ လမ်းပိတ်ဆို့မှု၊ သွားလာရေးခက်ခဲမှုများကို ကူညီဆောင် ရွက်ပေးခြင်းများ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့။

ထို့ပြင် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်အတွင်း မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးမှုများပြားနိုင်သော အနိမ့်ပိုင်းရပ်ကွက်များနှင့် ပင်လယ်ကမ်း ခြေတစ်လျှောက် ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ကျောက်ဖြူမြို့တွင် မုန်တိုင်းဘေးဒဏ်ခံရနိုင် သည့် ရပ်ကွက်နေပြည်သူများအား နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ အဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက် အအုံ (Cyclone Shelter) များ၊ မူလစီမံသတ်မှတ်ထားသည့် ယာယီခိုလှုံရာစခန်း အသီးသီးတွင် စနစ်တကျရွှေ့ပြောင်းနေရာချထားပေးမှုနှင့် ကျန်းမာရေးစောင့်ရှောက် ပေးနေမှုတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုကာ လိုအပ်သည်များဖြည့် ဆည်းပေးခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး အားပေးစကားပြောကြား ခဲ့ကြောင်း သိရှိရပါသည်။

  • တိုင်းစစ်ဌာနချုပ်အသီးသီး၏ ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များနှင့်အတူ ဇာတ်တိုက်လေ့ကျင့် မှုများဆောင်ရွက်ခဲ့။
  • တိုင်းမှူးများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာကူ ညီကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ပြင်ဆင်ထားရှိခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ မုန်တိုင်းဒဏ်ခံကာကွယ် ရေးအဆောက်အအုံ (Cyclone Shelter) များ ပြင်ဆင်ထားရှိခြင်း၊ ရိက္ခာအမယ် ()မျိုးနှင့် သောက်သုံး ရေများ ပြင်ဆင်ထားရှိခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့။
  • လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် မပို့ဆောင်နိုင်သည့် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးပစ္စည်းများပါဝင်သည့် ယာဉ်အစီး ၁၁၂ စီးပါ တပ်မတော်ယာဉ်တန်းအား အုပ်စု ၁၀ စုဖွဲ့၍ ရန်ကုန်မြို့မှ ဂွ၊ အမ်းနှင့် ကျောက်တော်မြို့များသို့လည်းကောင်း၊ မမျှော် မှန်းနိုင်သည့်အခြေအနေတွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန် အရန်စုဖွဲ့မှု အဖြစ် ပုသိမ်၊ ပြည်၊ မကွေး မြို့များသို့လည်းကောင်း စေလွတ်ခဲ့။