ရခိုင်ပြည်နယ်ရှိ ပြည်သူ ၆ သိန်းကျော်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပြီးဖြစ်

နာရီပိုင်းအတွင်း၌ပင် ရခိုင်ပြည်နယ်အတွင်းဝင်ရောက်နိုင်သည့် အားအလွန့်အလွန်ကောင်းသော “မိုခါ”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများကို မေလ ၁၁ ရက်နေ့ မှစတင်ကာ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် မြိုနယ်များ၌နေထိုင်သူများအား ဘေးအန္တရာယ်လွတ်ကင်းသည့် အဆောက်အဦးများ၊မုန်တိုင်း shleters များသို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်ပါတယ်။