မဲဆောက်မြို့နယ် တရုတ်သင်္ချိုင်းအနီး မာလွေအိမ်ရာမှာ လက်နက်ထုတ်လုပ်တဲ့ပစ္စည်းများကို ထိုင်းရဲအဖွဲ့က ရှာဖွေတွေ့ရှိ

မေလ ၁၄ ရက် နေ့လယ် ၃:၃၀ နာရီဝန်းကျင်က မဲဆောက်မြို့နယ် မယ်ပရပ်ကွက် မာလွေအိမ်ရာအနီး လုံးချင်းအိမ်တစ်လုံးတွင် ဂက်စ်အိုး မီးလန့်မှုဖြစ်ပွားခဲ့ပြီး ယင်းအိမ်နေရာကို ဝင်ရောက်စစ်ဆေးရာ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ယင်းလုံးချင်းအိမ်ရာတွင် ဂက်စ်အိုးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိုင်းမီးသတ်တပ်ဖွဲ့များက လာရောက်ငြှိမ်းသတ်ရှင်းလင်းစဉ် လက်နက်ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့တာကြောင့် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ယင်းမာလွေအိမ်ရာအနီးတွင် မြန်မာဒုက္ခသည်အများစု နေထိုင်တဲ့ တိုက်တန်းလျားများရှိနေပြီး ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်ကလည်း ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့များက ဝင်ရောက်စီးနင်း ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အမျိုးသား ၂ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါသေးတယ်။ နယ်စပ်မှာနေပြီး ပြည်တွင်းကိုဆူပူအောင်လုပ်၊ အကြမ်းဖက်သမားတွေ/ PDF တွေထံလက်နက်တွေပို့ပြီး နိုင်ငံ မငြိမ်းချမ်းအောင်လုပ်နေတဲ့ သူတွေ။

crd;BVJ