ဗြိတိသျှတော်ဝင်သရဖူမှ လက်ဝတ်ရတနာများ အိန္ဒိယပြန်လည်တောင်းဆိုမည်

     အိန္ဒိယနိုင်ငံသည် ကိုလိုနီခေတ်က ဗြိတိန်မှ  ရယူခဲ့သည့် ကမ္ဘာ့အကြီးဆုံးစိန်တုံးများထဲမှတစ်ခုအပါအဝင် ထောင်ပေါင်းများစွာသော ရှေး ဟောင်းပစ္စည်းများကို ပြန်လည်ရယူရန် အဓိကသံတမန်ရေး လှုပ်ရှားမှုတစ်ရပ်ကို စတင်ရန်စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ The Telegraph က သောကြာနေ့တွင် ဖော်ပြခဲ့သည်။

    ဗြိတိသျှအင်ပါယာခေတ်က ဆုံးရှုံးသွားခဲ့သောရတနာများကို ပြန်လည်ရယူရန် တွန်းအားပေးမှုသည် အိန္ဒိယအရာရှိများ၏ “ထိပ်တန်း”မှ လာသည်ဟုသိရပါတယ်။ ကမ်ပိန်းသည် ဝန်ကြီးချုပ် Narendra Modi၏ ဦးစားပေးစာရင်းတွင်ပါရှိပြီး “အတိတ်ကို ပြန်လည်မျော်မှန်းခြင်း”ဟုအစပြုခဲ့ပြီးကို တယ်လီဂရပ်ဖ်သတင်းရင်းမြစ်တစ်ခုမှာ  ဖော်ပြထားသည်။

      ပစ္စည်းများ ပြန်လည်ပေးအပ်ရန် ကြိုးပမ်းမှုကို အိန္ဒိယ၀န်ကြီးနှင့်သံတမန်ရေးရာဝန်ထမ်းများက ဦးဆောင်မည်ဖြစ်ပြီး အချို့အရာရှိများက ဗြိတိသျှကိုလိုနီအုပ်ချုပ်စဉ်ကာလက ယူထားသောရှေးဟောင်းပစ္စည်းများကို ကျင့်ဝတ်မဲ့ ကိုလိုနီအကျပ်ကိုင်မှု ဖြင့် ဖယ်ရှားခံရခြင်းကြောင့် အခြေခံအားဖြင့် ခိုးယူခံရသည်ဟု ယူဆကြောင်း Telegraph သတင်းရင်းမြစ်များက စွပ်စွဲထားတယ်လို့ သိရှိရပါတယ်။

crd;pan