ကိုယ့်ကိုကိုယ်သာအားယူရုန်းထွက်ပါ

ကောသလ မင်းကြီးဆီမှာ ‘ပါဝေယျ’ ဆိုတဲ့
ထောင်ထောင်မောင်းမောင်း
တိုက်ဆင်ကြီး တစ်ကောင်ရှိတယ်…

တိုက်ပွဲတွေအများကြီး တိုက်ခဲ့ပြီးနောက်
အိုလာတဲ့အခါဘုရင်ကြီးက သူ့အချစ်တော်
ဆင်ကြီးကို ဘေးမဲ့ပေးလိုက်တယ်။

တစ်နေ့ ဆင်ကြီးက အိုင်တစ်ခုထဲဆင်းရင်း
နွံထဲနစ်သွားတော့ ရုန်းတယ် မရဘူး ။

အသက်ကကြီး အိုကလည်းအိုနေပြီမို့
ဘယ်လိုမှကို မရုန်းနိုင်တော့ဘူး။

ဘုရင်က သိသိချင်းမှာ သူ့အချစ်တော်ဆင်ကြီးဆီ ဆင်ဆရာနဲ့အဖွဲ့ ချက်ခြင်းစေလွှတ်လိုက်တယ်။

ဆင်ဆရာကလည်း တိုက်ဆင်တွေအကြောင်း
သဘောပေါက်တော့သွားကတည်းက
စစ်တီးဝိုင်းပါခေါ်သွားတယ်။

စစ်ချီစစ်ထိုးရင်သုံးတဲ့ စည်တွေ မောင်းတွေပါ
သယ်သွားပါရော။

ဟိုရောက်မှ သူ့လူတွေကို တပ်ဖြန့်ပြီး
စစ်ပွဲပုံစံပေါ်အောင်ဖန်တီးတယ်။

မောင်းတွေ တဒူ ဒူ ထု စည်တွေတီးကြလုပ်ပြီး
စစ်သည်တွေက ကြွေးကြော်သံတွေအော်တော့

ဆင်ကြီးက ငယ်တုန်းကလိုရဲစိတ် ရဲမာန်တွေ
တဖန်ပြန်ပေါ်လာပြီး ရုန်းထွက်လိုက်မှ
ကုန်းပေါ်ပြန်ရောက်လာတယ်။

ဘယ်သူမှ ဆွဲတင်တာမဟုတ်ဘဲ
သူ့ဖာသာရုန်းတက်ခဲ့ရတာ။

ကျဉ်းထဲကြပ်ထဲရောက်တဲ့အခါ
စိတ်ကအတော် အရေးကြီးပါတယ်။
ကိုယ်တိုင်ပဲကြိုးစားပြီးရုန်းထွက်ရတာပါ။

ယခုကျန်းမာရေး အဆင်မပြေသော သူတွေနှင့်
အခက်အခဲ ကြုံနေတဲ့ သူတွေ အနေနဲ့ကလည်း
‘ပါဝေယျ’ ဆင်ကြီးကို ဥပမာယူပြီး ကိုယ့်ကိုကိုယ် အားယူပြီးမှ ရုန်းထွက် နိုင်ကြပါစေ…

𝘾𝙧𝙚𝙙𝙞𝙩𝙩𝙤𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧