ဒရုန်းခေတ် နေဝင်ချိန်ရောက်တော့မယ်

ဒရုန်းတွေ ဒရုန်းတွေ ကောင်းလှချည်ရဲ့ အသုံးတဲ့လှချည်ရဲ့လို့သိပ်အထင်ကြီးမနေကြနဲ့ဗျ..

ရုရှား-ယူကရိန်းစစ်ဟာ ဒရုန်းစစ်ခေတ်ကိုတဆန်းသစ်စေခဲ့တာမှန်တယ် ..
ဒါပေမဲ့ ဒီတခေတ်ဟာသိပ်ကြာကြာခံမယ်မထင်တော့ဘူး ..

အထူးသဖြင့် ရုရှားဘက်မှာ Electronic Warfare (EW) အီလက်ထရွန်နစ်စစ်ဗျုဟာနည်းစံနစ်တွေ တဟုန်ထိုးတိုးတက်လာပြီး တဖက်ရန်သူဒရုန်းတွေရဲ့စွမ်းဆောင်ရည်တွေကိုထိထိရောက်ရောက်ချေဖျက်နိုင်စွမ်းတွေရှိလာနေပြီ..

ဒရုန်းတွေရဲ့အဓိကအားနည်းချက်က သူတို့ဟာ ထိန်းချုပ်ပျံသန်းမှု/GPS လမ်းညွှန်မှု/ ဗွီဒီယိုသတင်းပေးပို့မှု အားလုံးကို Electro magnetic wave အီလက်ထရိုမဂ္ဂနက်တစ်လှိုင်းတွေကိုအသုံးပြုနေရတဲ့အချက်ဘဲ ..
ရေဒီယိုမီတာလှိုင်းတွေလိုဘဲ spectrums လိုင်းအမျိုးမျိုးရှိကြတယ်..

ဒရုန်းတခုမှာသုံးနေတဲ့ အဲဒီ အီလက်ထရိုမဂ္ဂနက်တစ်လိုင်းတခုကို Jam လုပ် ချေဖျက်နိုင်ရင် အဲဒီဒရုန်းဟာသုံးစားလို့မရတော့ဘူး..

ရုရှား-ယူကရိန်းစစ်ပွဲအခုနောက်ပိုင်းကာလတွေမှာ အီလက်ထရောနစ်စစ်ဗျုဟာ(EW) ဟာ အလွန်တိုးတက်ပြီးအရေးပါလာပြီ ..

ကောင်းကင်မှာထောင်သောင်းချီစိုးမိုးနေတဲ့ ဒရုန်းတွေရဲ့နေဝင်ချိန်လဲနီးလာပြီ..

တစ်ခုသတိရမိတာရှိတယ်..
မြန်မာပြည်ဟာ ၁၉၈၀ နှောင်းပိုင်းအထိ ပြည်တွင်းမှာရုပ်မြင်သံကြားမလွှင့်နိုင်ခဲ့ဘူး ..
၁၉၈၀ နိုဝင်ဘာလ ၁ ရက်နေ့မှာတော့ NTSC စံနစ်နဲ့ ရောင်စုံရုပ်မြင်သံကြားခေတ်ကိုခုန်ကူးနိုင်ခဲ့တယ်..

မြန်မာထက်စောပြီး ရုပ်မြင်တွေပြနေတဲ့ အိန္ဒိယနိုင်ငံမှာတောင်အဲဒီအချိန်ထိ အဖြုအမဲအဆင့်ဘဲရှိသေးတာ..

နည်းပညာတစ်ဆင့်နောက်ကျခဲ့တာဟာ နည်းပညာနောက်တစ်ဆင့်ကို ခုန်ကူးဘို့အခွင့်အလမ်းဆိုတဲ့သဘောဘဲ ..

သန်းလွင်ထွန်း
၂၁ ဖေဖေါ်ဝါရီ ၂၀၂၄