အရွယ်တင်နုပျိုချင်တဲ့မိန်းကလေးတိုင်း သိကိုသိထားရမယ့် အလှအပလျှို့ဝှက်ချက်(၃)ခု

(၁) ကိုယ်တိုင်လုပ် အရေးအကြောင်းကင်းခရင်မ်

vaselline စားပွဲတင်ဇွန်းနှစ်ဇွန်းကိုအပူပေးပြီး သံလွင်ဆီတစ်ဇွန်း၊ကြက်ဥအနှစ်တစ်လုံး၊ ပျားရည်တစ်ဇွန်း၊ ထောပတ်သီးအမှည့်တစ်လုံးတို့ကိုအနှစ်ဖြစ်အောင် ရောမွှေပါ။မျက်နှာကိုပြောင်စင်အောင်သစ်ပြီး ရလာတဲ့အနှစ်ကိုမျက်နှာအနှံ့ခပ်ထူထူလေးလိမ်းကာ မိနစ်၂၀ လောက်ထားပေးပါ။

ပြီးရင် ရေကြက်သီးနွေးလေးနဲ့မျက်နှာသစ်လိုက်ပါ။တစ်ပတ်နှစ်ကြိမ်လောက်လုပ်ပေးရင် မျက်နှာပေါ်မှာဖြစ်လေ့ရှိတဲ့ အရေးအကြောင်းတွေမဖြစ်လာအောင်တားဆီးပေးနိုင်တာကြောင့် အသက်ကြီးလာလည်း ရွယ်တူတွေထက် နုပျိုနေပါလိမ့်မယ်။

(၂) ကိုယ်တိုင်လုပ် အမည်းစက်ပျောက်ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ နနွင်းအနည်းငယ်၊ နွားနို့အစိမ်းလေးဇွန်း၊ သံပရိုရည်တစ်ဇွန်း၊အုန်းဆီတစ်ဇွန်း တို့ကိုရောမွှေပြီး မျက်နှာအနှံ့ထူထူလေးလိမ်းပေးပါ။၁၀ မိနစ်ကြာရင် မျက်နှာအနှံ့ဖွဖွလေးနှိပ်နယ်ပေးပြီး ရေကြက်သီးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။သုံးရက်တစ်ကြိမ်လောက် လုပ်ပေးရင်အမည်းစက်တွေသိသိသာသာလျော့ပါးလာတာကိုတွေ့ရပါလိမ့်မယ်။

(၃) ဆားဝက်ခြံပျောက်ပေါင်းတင်ဆေး

ဂျုံမှုန့်နှစ်ဇွန်း၊ မုန့်ဖုတ်ဆိုဒါတစ်ဇွန်း၊ပျားရည်တစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာအနှံ့လိမ်းပေးပါ။မိနစ်နှစ်ဆယ်လောက်ထားပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပေးကာတစ်သျှူးစက္ကူလေးနဲ့ ဆားဝက်ခြံတွေကို ညှစ်ထုတ်ပေးပြီး ရေအေးနဲ့မျက်နှာပြန်သစ်ပေးပါ။ ဒါပြီးရင်တော့ တိုနာလိမ်းပေးပါ။တစ်ပတ်တစ်ကြိမ်လုပ်ပေးရင် မျက်နှာပေါ်ကဆားဝက်ခြံတွေကိုတဖြည်းဖြည်းသက်သာပျောက်ကင်းလာစေပါလိမ့်မယ်။