နိုဝင်ဘာ ၃ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၂ ရက် ၀၈၄၀ နာရီတွင် ဖယ်ခုံမြို့၊ အရှေ့ရပ်ကွက်၊ နယ်မြေ(၂)နေ ဦးခင်မောင်ဝင်း(၆၇)နှစ်သည် ပင်လောင်း မြို့နယ်၊ နမ့်တုတ်ကျေးရွာရှိ သားဖြစ်သူ၏ နေအိမ်၌ တိုက်ပွဲရှောင်အဖြစ်နေထိုင်နေစဉ် KNDF/PDF အကြမ်း ဖက်အဖွဲ့ဝင် ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးခင်မောင်ဝင်း တွင် ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂ ရက် ၀၇၃၀ နာရီတွင် ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်ရှိ ခရိုင်တိရစ္ဆာန်မွေး/ကုရုံးဝင်းနေ မြို့နယ် တိရစ္ဆာန် မွေး/ကုလက်ထောက်ညွှန်မှူးဖြစ်သူ ဒေါက်တာ ကျော်မင်းဦး(၅၁)နှစ်သည် နေအိမ်၌ရှိနေစဉ် (စိစစ်ဆဲ) ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါက်တာ ကျော်မင်းဦးတွင် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂ ရက် ၀၈၁၅ နာရီတွင် တောင်သာမြို့နယ်၊ ကင်းဇလုတ်ကျေးရွာနေ ဦးစန်းအောင်(၆၂)နှစ်သည် ဇဂျမ်းကျေးရွာ သို့ အိမ်ဆောက်ပစ္စည်းများ ဝယ်သူရန်အတွက် ဆိုင်ကယ်ဖြင့် နေအိမ်မှထွက်ခွာလာစဉ် ကင်းဇလုတ်ကျေးရွာ၏ အရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ အကြမ်းဖက် pdf ကျား ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှ လိုက်ပါလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်၍ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံးနှင့် ငွေ ၅ သိန်းကျပ်အား ယူဆောင် ထွက်ပြေးသွားခဲ့ရာ ဦးစန်းအောင်တွင် ယာပါးမေးရိုးအောက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂ ရက် ၀၉၃၀ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ပေါက်တောကျေးရွာနေ ဒေါ်လွင်လွင်ဦး(၄၀)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် pdf ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ဒေါ်လွင်လွင်ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ ပေါက်တောကျေးရွာနှင့် နတ်ကြီးကျေးရွာသွား မြေသားလမ်းသို့အရောက်၌ အကြမ်းဖက်သတ်ဖြတ်သွားခဲ့ရာ နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရ။