ကော့သောင်းမှာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့အနောက်မြောက်ဘက် ၁၉၃ မိုင်ခန့်အကွာ၌ မင်းထက်သာ အမည်ရှိ လှေ ၁ စီးပေါ်မှ မြန်မာတရားခံ ကျား ၄ ဦးနှင့်အတူ အိုက်စ် ၁၂၉၈ ကီလိုဂရမ် (ကာလတန်ဖိုး ကျပ် ၅၁.၉၂ ဘီလီယံခန့်) ရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။