ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နစကဥက္ကဋ္ဌထံ လာရောက်ဂါရဝပြုတွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Andrey Rudenko ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ နှစ်နိုင်ငံနိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများအနေဖြင့် ချစ်ကြည်ရေးခရီးများ အပြန်အလှန် သွားရောက်ခဲ့မှု အခြေအနေများ၊ ခရီးသွားလုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ တိုးတက်စေရေးအတွက် လေကြောင်းခရီးစဉ်များ ပြေးဆွဲလျက်ရှိမှုအခြေအနေများ၊ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာအသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ လူမှုရေးကဏ္ဍနှင့် ပညာရေးကဏ္ဍများ တိုးတက်ရေးတို့တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံအတွက်လိုအပ်သည့် ဓာတ်မြေဩဇာများလုံလောက်စွာရရှိရေးနှင့် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်မှုနှင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။