အမရပူရတွင်နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား၊ ၃ ဦးသေဆုံးခဲ့

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာအုပ်စု၊အိုးဘိုကျေးရွာရှိ နေအိမ်တစ်လုံးတွင် သြဂုတ် ၂၂ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၀ နာရီ ၅၂ မိနစ်ခန့်က အမရပူရမြို့ နယ်၊တောင်သမန်ကျေးရွာအုပ်စု၊အိုးဘိုကျေးရွာရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွား၍ အမရပူရမြို့နယ်မီးသတ်စခန်း၊မန္တလေးခရိုင်မီးသတ်စခန်း၊ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။