မုံရွာမြို့နယ်၊ အောင်သာကျေးရွာအနီး၌ PDF များ၏ ယာယီအခြေပြုနေရာ တစ်ခုအား သိမ်းဆည်းရမိ

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများက ခိုအောင်းနေထိုင်၍ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေး ကောက်ခံခြင်း စသည့် အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ သတင်းပေးပို့လာခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် သတင်းဖော်ထုတ်ခြင်းနှင့် လုံခြုံရေးလုပ်ငန်းများကို  ဆောင်ရွက်ခဲ့ရာ ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ၎င်းကျေးရွာအနီး ယာယီအခြေပြု၍ ခိုအောင်းနေထိုင် လျက်ရှိသည့် အခြေပြုနေရာ တစ်ခုအား သိမ်းပိုက်ရရှိခဲ့ပြီး  လူနေတဲ ၉ လုံးနှင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အသုံးပြုသည့်  မြေအောက်အချုပ်ခန်း ၁ ခုတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

      လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် အဆိုပါနယ်မြေအတွင်း ဒေသခံပြည်သူများ၏ လုံခြုံရေး၊ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အတွက် လိုအပ်သည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။