မာရဝိဇယဘုရားကြီး ဖူးမြှော်ခွင့်နှုန်းထားသတ်မှတ်ရခြင်းအကြောင်း

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားဖူးမြှော်ခွင့်နှုန်းထားနှင့်ပတ်သက်၍ ဩဂုတ်လ ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဗုဒ္ဓဥယျာဉ်ကြီးအကျယ်အဝန်းသည် ဧကပေါင်း ၂၅၅ ဧကအထိ ရှိပြီး ၁ လ လျှင် လျှပ်စစ်မီတာခ သိန်း ၁၀၀၀ ကျော် ခန့် ကျသင့်ကြောင်း၊ ဤကဲ့သိုသော စကျင်ဗုဒ္ဓရုပ်ပွားတော်ကြီး နောက်ထပ်တည်ရန်၊ ပေါ်ပေါက်လာရန်မလွယ်ကူကြောင်းနှင့် စကျင်ကျောက်များသည် အဖိုးတန်ရတနာဖြစ်ပြီး ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ ဘုရားကြီးပရဝဏ်အတွင်းအပြင်သန့်ရှင်းသာယာလှပရေးအတွက် ဝန်ထမ်းအင်အား ၅၀၀/၆၀၀ ကျော် ခန့်အပ်ရမည်ဖြစ်ကြောင်း၊ ဘုရားကြီး၏ အထွေထွေ ကုန်ကျစရိတ်သည် နိုင်ငံတော် ဘတ်ဂျက်အရ သုံးစွဲခွင့်မရှိကြောင်း စသည့်အကြောင်းအရာများကြောင့် ဘုရားဖူးပြည်သူများအား ကုသိုလ်ပါဝင်ခွင့်ရရှိစေရန် တစ်ဦးလျင် ၁ ထောင်ကျပ် ကောက်ခံရခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါတယ်၊။