ပြည်သူတွေသိထားသင့်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေ

ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ ဒါလေးတွေ သိထားသင့်ပါတယ်
👇👇👇

  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ လိုအပ်သော ပြင်ဆင်ဖွဲ့စည်းမှုများ ဆောင်ရွက်ပြီးမှသာ သင်တန်းအမှတ်စဉ်(၁)ကို စစ်မှုထမ်းရန်အကျုံးဝင်သူ အင်အား ၅,၀၀၀ ဦးဖြင့် စတင်ဖွင့်လှစ်မည်။
  • သင်တန်းသားများအနေဖြင့် သင်တန်းကာလပြီးဆုံးပါက မိမိတို့ဆန္ဒရှိသော အရပ်ဒေသများတွင်သာ သတ်မှတ်ထားသောကာလအထိ တာဝန်ထမ်းဆောင်သွားရမည်။

-သင်တန်းသားများအနေဖြင့် သင်တန်းတက်ရောက်စဉ်ကာလနှင့် သင်တန်းပြီး ဆုံးပြီး တာဝန်ထမ်းဆောင်သည့် ကာလများတွင် လစာ၊ စရိတ်၊ ရိက္ခာနှင့် အခြား ခံစားခွင့် အားလုံးကို လက်ရှိတာဝန်ထမ်းဆောင်နေသော စစ်မှုထမ်းများအတိုင်း အပြည့်အဝ ခံစားခွင့် ရရှိမည်။

-ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သော ဥပဒေဖြစ် ပါသည်။ ထို့ကြောင့် အဆိုပါဥပဒေကိုရှောင်ရှားပြီး အခြားလက်နက်ကိုင်အဖွဲ့ထဲသို့ ဝင်ရောက်မည်ဆိုပါက ဥပဒေကိုချိုးဖောက်ခြင်းဖြစ်သည့်အတွက် တည်ဆဲ ဥပဒေများ အတိုင်းအရေးယူခြင်းခံရမည်ဖြစ်ပါသည်။

-နိုင်ငံခြားတွင် ကျောင်းတက်နေသူများ၊ အလုပ်လုပ်ကိုင်နေသူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ က တွင်ပါရှိသည့်အတိုင်း စစ်မှုထမ်းဆောင်ခွင့်ကို ယာယီရွှေ့ဆိုင်းနိုင်ပါသည်။ သို့သော် ထိုသူများအနေဖြင့် ၎င်းတို့၏ ပညာသင်ကြားမှု ပြီးဆုံးချိန်နှင့် လုပ်ငန်းများဆောင်ရွက်ပြီးချိန်တွင် ပုဒ်မ ၁၅ ခ နှင့်အညီ နိုင်ငံတော် ကာကွယ်ရေးတာဝန်အတွက် သတ်မှတ်ကာလပြီးဆုံးသည့်အထိ စစ်မှုထမ်း ဆောင်ခြင်း ဆောင်ရွက်ရမည်။

-လက်ရှိရေးဆွဲထားသော စီမံချက်အရ သင်တန်းအမှတ်စဉ်(၁)တွင် စစ်မှုထမ်းဆောင် ရန်အကျုံးဝင်သူ အမျိုးသားများကိုသာ စတင်ခေါ်ယူသွားမည်ဖြစ်ပြီး အကျုံး ဝင်သော အမျိုးသမီးများအား သင်တန်းအမှတ်စဉ်(၅)မှသာ ခေါ်ယူရန် လျာထား ပါသည်။

-သင်တန်းအမှတ်စဉ် ၁ ခုလျှင် စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သူ အင်အား ၅,၀၀၀ နှုန်းဖြင့် လစဉ်ခေါ်ယူသွားမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း လျာထားစီမံထားပါသည်။