အိန္ဒိယ၌လေထုညစ်ညမ်းမှုပိုဆိုးလာ

အိန္ဒိယနိုင်ငံနူးဒေလီတွင် အဆိပ်အတောက်ဖြစ်စေနိုင်သည့် မြူခိုးများဖုံးလွှမ်းကာ အိန္ဒိယနိုင်ငံမြို့ တော်အများအပြားတွင် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအတွက် စိုးရိမ်မှုများလည်းမြင့်တက်လာခဲ့သည်။ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လေထုညစ်ညမ်းမှုအား လျှော့ချရန်ကြိုးပမ်းနေသည့်ကြားမှပင် ပိုမိုဆိုးရွားလာခဲ့ခြင်းလည်းဖြစ်သည်။

အိန္ဒိယနိုင်ငံ၌ အထူးသဖြင့်ဆောင်းရာသီတွင် လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလေ့ရှိပြီး လေထုသန့်ရှင်းမှုအရည်အသွေးကျဆင်းလာခြင်းကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများမြင့်တက်လာသဖြင့် ကျောင်းများနှင့်စက်ရုံများကိုပိတ်ထားရသည်။