မြောက်ကိုရီးယားက Hwasong 18 တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားက Hwasong 18 တိုက်ချင်းပစ်ဒုံးပျံပစ်လွှတ်စမ်းသပ်မှု မှတ်တမ်းဗီဒီယို ထုတ်ပြန်ခဲ့ပြီး အကွာအဝေး ၁၅၀၀၀ ကီလိုမီတာအထိရောက်နိုင်ပြီး အမေရိကန်နိုင်ငံမည်သည့်နေရာကိုမဆိုချိန်ရွယ်ပစ်ခတ်နိုင်ကြောင်း သိရှိရပါတယ်။မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အင်အား တည်ဆောက်မှုကို အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်ဂျုံအွန်က အခိုင်အမာပြောကြားခဲ့ပြီး အမေရိကန်အနေဖြင့်လည်း ဆုံးဖြတ်ချက်မမှားစေရန် ၎င်းက သတိပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။