မလေးရှားမှာ ကိုယ်ပိုင်ဂျက်လေယာဉ်ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပြင် အဝေးပြေးလမ်းမပေါ်တွင် ပုဂ္ဂလိကကိုယ်ပိုင်ဂျက်လေယာဉ်ငယ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယင်းဂျက်လေယာဉ်သည် မလေးရှားနိုင်ငံ အလယ်ပိုင်း ဆီလန်ဂေါပြည်နယ်တွင် ကြာသပတေးနေ့က ဆင်းသက်ရန် ကြိုးပမ်းစဉ် ပျက်ကျခဲ့ခြင်းဖြစ်ပြီး ပျက်ကျစဉ်မှာ ဆိုင်ကယ်တစ်စီးနှင့် ကားတစ်စီးတို့ကိုပါ ထပ်ဆင့်တိုက်မိခဲ့လို့ လေယာဉ်ပေါ်ပါ လူရှစ်ဦးစလုံး သေဆုံးခဲ့ကြောင်းလည်းသိရပါတယ်။

Crd