မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးကျင်းပပြုလုပ်

ကမ္ဘာ့အင်အားအကြီး ၃ နိုင်ငံနဲ့ အာဆီယံနိုင်ငံတွေအားလုံး တက်ရောက်ကြတဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးအစည်းအဝေးမှာ မြန်မာက NUG/PDF အကြမ်းဖက်တို့ရဲ့ အရပ်ဘက်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့မှု၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်ခဲ့မှု၊ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက် အကြမ်းသတ်ဖြတ်ခဲ့မှုတွေကို ကမ္ဘာသိအောင် ရုရှား၊ တရုတ်၊ အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တွေ ဝေပေးခဲ့သလို Video ဖိုင်တွေကိုလည်း သက်သေမှတ်တမ်းအဖြစ် Memory Stick နဲ့ပါ နိုင်ငံတကာကို ဖြန့်ဝေပေးခဲ့ကြောင်းသိရပါတယ်။