နစကအစိုးရက ဆီးရီးယားနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ရူပီးငွေ ၈၁ သိန်းကျော် (ကန်ဒေါ်လာ ၁ သိန်း)လှူဒါန်း

မြန်မာနိုင်ငံရဲ့ တည်ဆဲအစိုးရဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နိုင်ငံတော်အိမ်စောင့်အစိုးရက ဆီးရီးယားအာရပ်နိုင်ငံမှပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁ သိန်းနဲ့ညီမျှတဲ့ အိန္ဒိယရူပီးငွေ ၈၁၂၇၂၀၄ ကို ဧပြီ ၂၈ ရက်က ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှူဒါန်းငွေကို အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမိုးကျော်အောင်မှ အိန္ဒိယနိုင်ငံဆိုင်ရာ ဆီးရီးယားသံအမတ်ကြီး H.E. Dr. Bassam Seifeddin Alkhatib ထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်က ဆီးရီးယားအာရပ်နိုင်ငံမှာ မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြစ် ယခုလိုလှူဒါန်းခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

crd;