မျက်လုံးကျန်းမာရေးအကြောင်း သိကောင်းစရာ

မျက်စိ ဆိုတာ ကျွန်မတို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်း တွေထဲမှာ အနူးညံ့ဆုံးနဲ့ အထိခိုက်အလွယ်ဆုံး

အစိတ်အပိုင်း ဖြစ်ပါတယ်။ အမြင်အာရုံ ဟာ ကျွန်မတို့အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။

မျက်စိမမြင်ရရင် (သို့) အမြင်အာရုံ အားနည်းပြီဆိုရင် ဒုက္ခိတ တစ်ပိုင်းလို ဖြစ်သွားတတ်တော့

မျက်စိ ကျန်းမာရေး ဟာ ကျွန်မတို့အတွက် အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်။

နောက်ပြီး မျက်စိ ဆိုတာ ကျွန်မတို့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်း တွေထဲမှာ အနူးညံ့ဆုံးနဲ့ အထိခိုက်အလွယ်ဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။

ဒီတော့ မျက်စိပတ်ဝန်းကျင်မှာ အောက်ဖော်ပြပါ လက္ခဏာ လေးတွေ ပြနေပြီဆိုရင် လိုအပ်တဲ့ ဆေးဝါး

ကုသမှု နဲ့ လုပ်ဆောင်မှုလေးတွေကို မဆိုင်းမတွ လုပ်ဆောင်ပေးသင့်ပါတယ်။

၁။ မျက်စိ နီမြန်းလာမယ်

“လူတွေမှာ အဖြစ်အများဆုံး မျက် စိပြဿနာ ကတော့ မျက်စိ နီမြန်းခြင်းပဲဖြစ်မယ်ထင်ပါတယ်” လို့ Nashville က

မျက်စိဆရာဝန် တစ်ဦးဖြစ်တဲ့ Rebecca J. Taylor က ဆိုပါတယ်။

မျက်သား ဖြူဖြူပေါ်မှာ သွေးကြော လေးတွေ ယှက်သမ်းလာခြင်း၊ (တနည်းအားဖြင့် မျက်စိနီမြန်းလာခြင်း) ဟာ

ရုတ်တရက်မြင်ရတာကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာ ဖြစ်ရင် အလှပျက်စေနိုင်ပါတယ်။

ဒါပေမယ့် ဒါဟာ မျက်စိ အပေါ်ယံလွှာအောက်မှာ ဒဏ်ရာ ရခြင်းမျှသာဖြစ်ပြီး ရက်အနည်းငယ်အတွင်း ပြန်ပျောက်သွားပါလိမ့်မယ်။

မျက်စဉ်း ခပ်ပေးခြင်း၊ ရေများများပြန်သောက်ပေးခြင်းတို့နဲ့ ရောဂါကုသခြင်းဖြစ်စဉ်ကို ပိုမိုမြန်ဆန်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

တကယ်လို့ မျက်စိက နီမြန်းရုံသာမက ယားယံပြီး မျက်ရည်တွေပါ ကျလာပြီဆိုရင်တော့ အလာ့ဂျစ်ထတာဖြစ်နိိုင်ပါတယ်။

လတ်တလော မိမိပတ်ဝန်းကျင်မှာ မိမိနဲ့ ဓာတ်မတည့်တဲ့အရာ ဘာရှိနေလဲဆိုတာကို စစ်ဆေးကြည့်သင့်ပါတယ်။

၂။ ပန်းရောင် မျက်စိ

ဆေးပညာ အခေါ်အရတော့ coujunctivitis လို့ခေါ်ပြီး အရပ်အခေါ်တော့ မျက်စိနာခြင်း (ပန်းရောင်မျက်စိ) လို့ခေါ်ပါတယ်။

ဒီလို ဝေဒနာ မျိုး မျက်စိ မှာဖြစ်နေပြီဖြစ်နေပြီး မျက်စိ ဟာ ယားယံနီမြန်းပြီး အဖြူရောင် (သို့) အဝါရောင်အရည်လေးတွေ စီးကျနေပါလိမ့်မယ်။

တချို့တွေက မျက်စိ နာနေတဲ့လူကို မျက်လုံးချင်းစိုက်ကြည့်မိရင် ကူးတယ်လို့လည်း ဆိုကြပါသေးတယ်။

အမှန်တော့ ဒီအခြေအနေဟာ ဗိုင်းရပ်စ်ပိုးမွှားကူးစက်ခြင်းကြောင့်ဖြစ်တဲ့ ဝေဒနာဖြစ်ပြီး (၇) ရက်ကနေ (၁၀) ရက်ကြား ကြာနိုင်ပါတယ်။

မျက်စိ တစ်ဖက်မှာဖြစ်ပြီးရင်လည်း နောက်တစ်ဖက်ကို အလွယ်တကူကူးနိုင်ပါတယ်။

သူနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကတော့ နှာစေးခြင်း နဲ့ အအေးမိ ဝေဒနာတွေပဲ ဖြစ်ပါတယ်။

မျက်စိ နာနေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

၃။ မျက်စိ ခြောက်နေမယ်

မျက်စိ ခြောက်ခြင်းကတော့ ပတ်ဝန်းကျင် အနေအထားပြောင်းလဲခြင်း (ဥပမာ… လေယာဉ်စီးပြီး ခရီးသွားခြင်း)၊

ဟော်မုန်း ပြောင်းလဲခြင်းနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများ ပြောင်းလဲခြင်း တို့ကြောင့် ဖြစ်နိုင်ပါတယ်။

ကွန်ပျူတာ၊ ဖုန်း၊ တီဗီတို့လို ဒစ်ဂျစ်တာ စခရင်မ်တွေကို အကြည့်များတဲ့လူတွေ၊ စာအုပ် အဖတ်များတဲ့လူတွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။

ဒီအခြေအနေကို ဖြေရှင်းဖို့ မျက်စဉ်းခတ်ပေးတာ၊ နာရီ ဝက်တစ်ခါ စိမ်းစိုတဲ့ အရာဝတ္ထုတွေကို ကြည့်ပေးတာနဲ့ ပြန်ဖြေရှင်းပေးနိုင်ပါတယ်။

၄။ မျက်ခွံ ပေါ်မှာ အနီဖု လေးတွေ ပေါက်နေမယ်

မျက်စိ ထဲကနေ သဘာဝအတိုင်း အဆီ ထွက်ပါတယ်။ တကယ်လို့ အဆီ ဂလင်းလေးတွေ ပိတ်ဆို့နေမယ်ဆိုရင်

မျက်ခွံပေါ်က ချွေးပေါက် လေးတွေပေါ်မှာ သွားပြီး သက်ရောက်မှုရှိနိုင်ပါတယ်။

ရလဒ်အနေနဲ့ နီရဲပြီး ရောင်ရမ်းနေတဲ့ အဖုလေးတွေ မျက်ခွံပေါ်မှာ ပေါက်နေပါလိမ့်မယ်။ နာကျင်မှုကို

လျော့နည်းသွားစေဖို့ ရေနွေးအိတ် လေးနဲ့ ပြန်ကပ်ပေးတာတို့၊ ရေခဲအုပ်ပေးတာတို့ လုပ်ပေးနိုင်ပါတယ်။

နောက်ပြီး မျက်စိကို ကြက်သီးနွေး ရုံလောက် ရေနွေး လေးနဲ့ ဆေးပေးတာကိုလည်း လုပ်ပေးနိုင်ပါတယ်။

၅။ မျက်ခမ်း လှုပ်နေမယ်

မျက်ခမ်း တွေ တဆတ်ဆတ်လှုပ်နေတာက အဖြစ်များတဲ့ လက္ခဏာ တစ်ခုဖြစ်ပြီး အရမ်းကြီးတော့ serious ဖြစ်တဲ့ အခြေအနေ တစ်ခုမဟုတ်ပါဘူး။

ဆေးပညာ အခေါ်အရတော့ ဒါကို eyelid myokymia လို့ခေါ်ပါတယ်။ ဒီအခြေအနေကတော့ ကော်ဖီ၊ လက်ဖက်ရည်အသောက်များခြင်း၊ စိတ်ဖိစီးမှုများခြင်း၊

အိပ်ရေးပျက်ခြင်းတို့နဲ့ ဆက်စပ်နေနိုင်ပါတယ်။ အဲဒီအခြေအနေလေးတွေကို ပြန်ပြောင်းလိုက်နိုင်ရင်

မျက်ခမ်း လှုပ်တာလည်း ရပ်တန့်သွားပါလိမ့်မယ်ဖြစ်ပါတယ်။

လူတိုင်းအတွက်အရေးကြီးတဲ့ မျက်စိကို အလေးအနက်ထား ကာကွယ်ကြပါလို့ အကြံပြုတင်ဆက်လိုက်ရပါတယ်။

crd; google news