ချဲလ်ဆီးနောက်ခံလူ ကူလီဘာလီ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဆီ ပြောင်းရွှေ့

ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းသည် ချယ်လ်ဆီးအသင်းမှ ဆီနီဂေါနောက်ခံလူ ကူလီဘလီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ကူလီဘလီသည် အယ်လ်ဟီလယ်အသင်းနှင့် (၃)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး တစ်နှစ် ယူရို(၂၅)သန်း ရရှိမှာဖြစ်ပါတယ်။
ကူလီဘလီ၏ ပြောင်းရွှေ့ကြေးမှာ ယူရိုသန်း(၂၀)ဝန်းကျင်သာရှိကြောင်း သိရပါတယ်။
ကူလီဘာလီဟာ စီရော်နယ်ဒို၊ ဘင်ဇီမာ၊ ကန်တေနဲ့ နက်ဗက်စ်တို့ ပြီးနောက် ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ နောက်ထပ်နာမည်ကြီးကစားသမားတစ်ဦးလဲဖြစ်ပါတယ်။

Crd; pan